Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ၃၀၀ နီးပါး ထပ်မံတည်ဆောက်မည်
ကျော်ဇေဝင်း
·
August 9, 2016
ရခိုင်ပြည်နယ်အတွင်းမှာ GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်း ၃၀၀ နီးပါးကို လာမယ့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးကဏ္ဍတိုးတက်ကောင်းမွန်းဖို့အတွက် GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်း ၃၀၀ နီးပါးကို လာမယ့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အပြီး ထပ်မံတည်ဆောက်ပေးသွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ကပြောဆိုလိုက်ပါတယ်။ “မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အော်တိုအိတ်ချိန်း အသစ် (၆)ခု၊ GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ် (၁၀၉ )ခု၊ တယ်လီနောမြန်မာလီမိတက်က GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်းသစ် (၁၂၃)ခု၊ အော်ရီဒူးမြန်မာလီမိတက်က GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ် (၆)ခု စုစုပေါင်း GSM/ UMTS မိုဘိုင်းဆက်သွယ်ရေး စခန်းအသစ် (၂၃၈) ခုကိုထပ်မံတည်ဆောက်တပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောက်ရွက်လျက်ရှိရာ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့်မှပြီးစီးမှာဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ဆိုပါတယ်။ ရမ်းဗြဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်၊ ဦးကျော်ရွှေမေးမြန်းတဲ့ ရမ်းဗြဲမြို့နယ်တွင် ပါဝင်သော စကုကျွန်းနှင့် မကျေးကျွန်းတို့တွင် တယ်လီဖုန်းဆက်သွယ်ရေးတာဝါတိုင်တစ်ခုစီ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး သွားမည်ကို သိရှိလိုခြင်းနဲ့ ပတ်သတ်တဲ့ မေးခွန်းကိုဖြေဆိုရာမှာ ထည့်သွင်းဖြေကြားခဲ့တာပါ။ အခုလို GSM/ UMTS မိုဘိုင်းဆက်သွယ်ရေးစခန်းအသစ်တွေ ထပ်မံတည်ဆောက်ပြီးပါက ရခိုင်ပြည်နယ်အတွင်း မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၅၉ ခုရှိလာမည်ဖြစ်ပြီး နယ်မြေဧရိယာ လွှမ်းခြုံနိုင်မှု ၇၀ ရာခိုင်နှုန်းနှင့် လူနေထိုင်မှုဧရိယာလွှမ်းခြုံနိုင်မှု ၉၀ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024