Home
မြန်မာသတင်း
ရန်ကုန်တိုင်း တရားစီရင်ရေး ဥပဒေစိုးမိုးရေးကော်မတီကို လယ်ယာမြေကိစ္စ တိုင်ကြားမှု အများဆုံးရောက်ရှိ
ကိုမောင်
·
August 9, 2016
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး ဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီမှာ အများဆုံးရရှိတဲ့ အသနားခံစာတွေကတော့ လယ်ယာမြေနဲ့ ပတ်သက်တဲ့အသနားခံစာတွေများတယ်လို့ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်လွင်က ပြောပါတယ်။ ကော်မတီဖွဲ့စည်းပြီး သုံးလအကြာမှာ ရရှိတဲ့ တိုင်ကြားစာ အသနားခံစာ တစ်ထောင်ကျော်မှာ လေးရာကျော်က လယ်ယာမြေနဲ့ ပတ်သက်တဲ့ အသနားခံစာတွေလို့ ဆိုပါတယ်။ လယ်ယာမြေသိမ်းဆည်းခံထားရတာတွေကြောင့် ပြန်လည်လိုချင်တဲ့ လယ်သမားတွေ ဒါးမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေဟာ လယ်မလုပ်ရပဲ စီးပွားရေးသမားတွေ လက်ထဲကိုရောက်သွားတာ တွေကို ပြန်လည်ရရှိဖို့ လွှတ်တော်ကို အကူအညီတောင်းတဲ့ အသနားခံစာကများပါတယ်လို့ ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ လယ်ယာမြေနဲ့ ပတ်သက်တဲ့ အသနားခံစာတွေအပြင် တရားရုံးတွေရဲ့ တရားစီရင်ရေးကို မကျေနပ်တဲ့ တိုင်ကြားတွေစာတွေလဲပါဝင်သလို နောက်တစ်ခုကတော့ မှတ်ပုံတင်လုပ်တာ အိမ်ထောင်စုစာရင်း မွေးစာရင်းတိုးတာတွေနဲ့ပတ်သက်ပြီး အခက်အခဲရှိနေတာတွေကို တိုင်ကြားထားတဲ့စာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလိုတိုင်ကြားစာတွေကို ကော်မတီက စိစစ်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ မှတဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး တိုင်းအစိုးရအဖွဲ့က အရေးယူဆောင်ရွက်စရာ ရှိတာတွေကို ဆက်လက်ဆောင်ရွက်တာဖြစ်ပါတယ်။ အုပ်ချုပ်ရေး တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီအနေနဲ့ ရောက်ရှိလာတဲ့ တိုင်ကြားစာ အသနားခံစာတွေနဲ့ ပတ်သက်ပြီး စိစစ်ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ခေါ်ယူကြားနာမှုတွေသာ ပြုလုပ်ခွင့်ရှိပြီး အရေးယူဆောင်ရွက်တာတွေကို တိုင်းအစိုးရအဖွဲ့ ကသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024