Home
မြန်မာသတင်း
ငါးလုပ်ငန်းကဏ္ဍပို့ကုန်မြှင့်တင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်
DVB
·
August 9, 2016
13873028_696862707136052_1884507400076469109_n
ငါးလုပ်ငန်းကဏ္ဍပို့ကုန်မြှင့်တင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းကာ ကမ္ဘာ့ကုလသမဂ္ဂကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရန့် (UNCTAD) အကူအညီနဲ့ပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဆွေးနွေးပွဲမှာ ငါးလုပ်ငန်းကဏ္ဍအသွင်ပြောင်းလဲရေးအတွက် နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာ တွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှ ညွန့်ကြားရေးမှူး ဦးအောင်စိုးကပြောပါတယ်။ သတင်း - နွယ်လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024