အေတီအမ်စက် အသုံးပြုစဉ် အမျိုးသမီးတဦး ခြိမ်းခြောက် ဓားပြတိုက်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံမှာ အမျိုးသမီးတဦးဟာ အေတီအမ်စက်တခုတွင်း အသုံးပြုနေချိန် ခြိမ်းခြောက် ဓားပြတိုက်ခံခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ သြဂုတ် ၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျန်းဆုခရိုင်၊ လီယန်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဖြစ်အပျက် အသေးစိတ်ကို ရုပ်သံကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ ဓားပြဖြစ်သူ အမျိုးသားဟာ မိုးကာအင်္ကျီတထည်ကို ၀တ်ဆင်ထားခဲ့ပြီး အေတီအမ်စက် အသုံးပြုခန်းတွင်းမှာ ၀င်ရောက် ပုန်းနေခဲ့တာပါ။ အဲဒီနောက် ၁ နာရီလောက် အကြာမှာတော့ အမျိုးသမီးဟာ အေတီအမ်ကတ် အသုံးပြုဖို့ ၀င်ရောက်လာချိန်မှာ သူက ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့ပါတယ်။ အမျိုးသမီးကို ခြိမ်းခြောက်ပြီး အပေါ်အင်္ကျီကို ချွတ်စေကာ ငွေသားတွေကို ရှာဖွေခဲ့ပေမယ့် အဆိုပါ အမျိုးသမီးဟာ ငွေသွင်းထားခဲ့ပြီး လက်ထဲမှာ ငွေမရှိတာမို့ နောက်ဆုံးမှာ လွှတ်ပေးခဲ့ရပြီး သူကတော့ ထွက်ပြေးသွားခဲ့တာပါ။ ဒါပေမယ့် သံသယရှိသူ အဆိုပါအမျိုးသားကို ရဲတွေက ရုပ်သံကင်မရာ မှတ်တမ်းမှတဆင့် ခြေရာခံပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up