A d v e r t i s e m e n t With Us

ဝန်ထမ်းများ လစာတိုးပေးရန် ကမ္ဘာ့ဘဏ်က ငွေချေးမည်

ဝန်ထမ်းတွေလစာတိုးဖို့ အပါအ၀င် နိုင်ငံရဲ့ ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့တွက်  ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးယူလိုကြောင်း သမ္မတက ပြည်ထောင်စု လွှတ်တော်ထံတင်ပြ အတည်ပြုချက်တောင်းခံလိုက်ပါတယ်။ ဒီချေးငွေတွေထဲက ဒေါ်လာသန်း ၆၀ ကို ၀န်ထမ်းလစာတိုးပေးဖို့ သုံးစွဲမှာဖြစ်ပြီး နိုင်ငံပိုင်ဘဏ် တွေ ပြုပြင်ပြောင်းလဲရေးနဲ့ အသေးစားငွေကြေးလုပ်ငန်းနဲ့ အာမခံလုပ်ငန်းတွေ အဆင့်မြှင့်ရေး စတဲ့လုပ်ငန်းတွေအတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။ ချေးငွေ  ဆိုင်းငံကာလ ၆ နှစ် ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ၃၈ နှစ် အတိုးမဲ့ချေးငွေ ဖြစ်တယ်လို့ သမ္မတဦးထင်ကျော်က  ပြည်ထောင်စုလွှတ်တော်နာယကထံ သြဂုတ် ၅ ရက်စွဲနဲ့ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up