A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် တက္ကသိုလ်ပါမောက္ခ ၂ ဦး ပြန်ပေးဆွဲခံရ

လုံခြုံရေးယူနေသည့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ - ရိုက်တာ)
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ အမေရိကန်တက္ကသိုလ်က ပါမောက္ခ ၂ ဦး သြဂုတ် ၇ ရက် ညနေပိုင်းက အမည်မသိ သေနတ်သမားတွေရဲ့ ပြန်ပေးဆွဲခံရတယ်လို့ အာဖဂန်အာဏာပိုင်တွေက သြဂုတ် ၈ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။ အမေရိကန်ပါမောက္ခတဦးနဲ့ သြစတြေးလျ ပါမောက္ခတဦးတို့ဖြစ်ပြီး တက္ကသိုလ်ကနေ အိမ်အပြန်မှာ ပြန်ပေးဆွဲခံရတာပါ။ အာဖဂန်လုံခြုံရေး ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက ကားကို ရိုက်ထုခွဲပြီး ပါမောက္ခ ၂ ဦးကို ဆွဲထုတ်ခေါ်ဆောင်သွားတာလို့ သတင်းတွေက ဆိုပါတယ်။ အနောက်နိုင်ငံကြီးတွေ နောက်ခံတဲ့ အာဖဂန်အစိုးရကို တိုက်ခိုက်နေတဲ့ တာလီဘန် အကြမ်းဖက်တွေဟာ အရင်ကလည်း နိုင်ငံခြားသားတွေကို မကြာခဏ ပြန်ပေးဆွဲဖူးပါတယ်။ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ သူတို့နိုင်ငံသားတဦး ပြန်ပေးဆွဲခံရတဲ့ကိစ္စ အသေးစိတ် စုံစမ်းမှုတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ လုံခြုံရေးပျက်ပြားနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို မသွားရောက်ဖို့ သြစတြေးလျ နိုင်ငံသားတွေကို ဆက်လက်တိုက်တွန်းထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အမေရိကန် ပါမောက္ခတဦး ပြန်ပေးဆွဲခံရတဲ့ကိစ္စကို အတည်ပြုခဲ့ပေမယ့် အသေးစိတ် ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up