A d v e r t i s e m e n t With Us

တရုတ်အလယ်ပိုင်းတွင် ရေကြီးပြီး လူအများ ပိတ်မိနေ (ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူဘိုင်းပြည်နယ်ထဲမှာ ရေကြီးမှုနဲ့ ကြုံနေရပြီး လူတွေ ပိတ်မိနေပါတယ်။ နန်ကျန်းခရိုင်ထဲမှာရှိတဲ့ စက်မှုဇုန်မှာ ရေတမီတာလောက်အထိ မြင့်တက်လာတာကြောင့်   ဈေးဆိုင်ခန်းတွေထဲ ပိတ်မိနေတဲ့ လူတွေကို ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ခဲ့ရပါတယ်။ ရေမြုပ်နေတဲ့ လမ်းတွေပေါ်မှာ ရဲအဖွဲ့ကို စောင့်ကြည့်နေပြီး ဆက်သွားဖို့ ခက်နေတဲ့ လမ်းသွားလမ်းလာတွေ၊ ယာဉ်တွေကို အကူအညီ ပေးနေပါတယ်။ တချို့အပိုင်းတွေကို လမ်းသွားလမ်းလာတွေ၊ ယာဉ်တွေ မသွားဖို့ အတားအဆီးတွေ ချထားပါတယ်။ ယာဉ်အသွားအလာတွေ အစီအစဉ်တကျ ဖြစ်ဖို့နဲ့ ယာဉ်မောင်းတွေ အရှိန်လျှော့မောင်းဖို့ စောင့်ကြည့်ပေးနေတယ်လို့ နယ်မြေ ပြည်သူ့လုံခြုံရေးဌာန ရဲအရာရှိက ပြောပါတယ်။ မိုးသက်မုန်တိုင်းကြောင့်  အဝေးပြေးလမ်းပေါ်မှာ ယာဉ်ပေါင်း ၁၀၀၀ လောက် ပိတ်မိနေပါတယ်။ သြဂုတ် ၇ ရက်နေ့မှာ လမ်းကို ပြန်ဖွင့်ပေးခဲ့ပေမယ့် ယာဉ်တွေကို အာဏာပိုင်တွေက တဖြည်းဖြည်းချင်း လွှတ်ပေးနေပါတယ်။ ဟူဘိုင်းပြည်နယ်ထဲက နန်ကျန်းခရိုင်ထဲမှာ သြဂုတ် ၆ ရက် ညပိုင်းကစလို့ မိုးသည်ထန်ခဲ့ပြီး မိုးရေချိန် ၃၀၀ မီလီမီတာ အထက်ထိ မြင့်တက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up