ဧက ၄၀၀ ကျော် လောင်ကျွမ်းသည့် ကယ်လီဖိုးနီးယားတောမီး (ရုပ်သံ)

2.5K
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဘာနာဒီနို နယ်မြေထဲမှာ တောမီးလောင်ကျွမ်းနေတာကို မီးသတ်သမားတွေ ငြှိမ်းသတ်နေရပါတယ်။
သြဂုတ် ၇ ရက်အထိ တောမီးလောင်ကျွမ်းခဲ့တဲ့ အကျယ်အ၀န်းဟာ ဧက ၄၀၀ ကျော် ရှိသွားပြီး လမ်းမတွေနားအထိ ရောက်နေပြီလို့ အန်ဘီစီသတင်းက အစီရင်ခံပါတယ်။
မီးသတ်လေယာဉ်တွေကို အကူအညီ တောင်းခံထားရတယ်လို့လည်း သတင်းက ဆိုပါတယ်။
နိုင်ငံအနောက်ပိုင်းဒေသမှာ တောမီးလောင်နေတဲ့ နေရာပေါင်း ၃၀ ကျော် ရှိနေပြီး ပြည်နယ်ပေါင်း ၁၂ ခုထဲမှာ စတုရန်းမိုင်ပေါင်း ၇၀၀ လောက်အထိ မီးလောင်ကျွမ်းခဲ့ပြီးပြီလို့ မီးသတ်ဌာနက ဆိုပါတယ်။
အခုလို နွေရာသီမှာ တောမီးအန္တရာယ်ဟာ အလယ်ပိုင်းဒေသတွေအထိ ခြိမ်းခြောက်နေပြီး ကယ်လီဖိုးနီးယား ပြည်နယ်ထဲက အပန်းဖြေစခန်းတွေ အတော်များများကိုလည်း လောလောဆယ် ပိတ်ထားလိုက်ရပါတယ်။