A d v e r t i s e m e n t With Us

ကျပ်သိန်း ၅၀၀ ပေါက် ထီလက်မှတ် ခိုးယူလဲလှယ်သူများကို အမှုဖွင့်တိုင်ကြား

မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာမှာ ၃၃၁ ကြိမ်မြောက် ကျပ်သိန်း ၅၀၀ ပေါက်တဲ့ ထီလက်မှတ်ခိုးယူခံရတဲ့အတွက် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါ တယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအရှေ့ပိုင်းရှိ ဒေါ်ခင်နှောင်းနေအိမ်မှာ သြဂုတ် ၂ ရက်နေ့ ညနေ ၆ နာရီက ကျပ်သိန်း ၅၀၀ ပေါက် မင်္ဂလာမောင်မယ် ၅ စောင်တွဲ ၃၃၁ ကြိမ်မြောက် န ၂၉၀၄၁၀ ထီလက်မှတ်ခိုးယူလဲလှယ်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျပ်သိန်း ၅၀၀ ထီပေါက်တဲ့ ဒေါ်ခင်နှောင်း အိမ်ရဲ့ ညောင်ကုန်းရွာနေအိမ်ကို သြဂုတ် ၂ ရက်နေ့ ညနေက အသက် ၃၀ ကျော် အမျိုးသား ၂ ဦး ရောက်လာပြီး ထီရောင်းတဲ့ကိုယ်စားလှယ်က လွှတ်လိုက်လို့ ထီလက်မှတ်ကို ကြည့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူနေအိမ်မှာ မရှိတဲ့အတွက် သမီးဖြစ်သူက ထီလက်မှတ်ကိုထုတ်ပြနေချိန်မှာ အဆိုပါအမျိုးသားနှစ်ယောက်က သောက်ရေတောင်းတဲ့အတွက် တဖက်ရှိရေအိုးမှ ရေလှည့်ခပ်နေစဉ် ထီလက်မှတ်လဲလှယ်ပြီး ထွက်သွားတယ်လို့ သိရပါတယ်။ သြဂုတ် ၃ ရက်နေ့မှာ ထိုးထားတဲ့ ထီဆိုင်က သိန်း ၅၀၀ ပေါက်နေကြောင်း အကြောင်းကြား လာတဲ့အတွက် ထီလက်မှတ်မှာ ပေါက်တဲ့ ထီလက်မှတ်မှတ်မဟုတ်ဘဲ လဲလှယ်ထားကြောင်း သိရှိခဲ့ရပါတယ်။ ထီလက်မှတ်ခိုးယူလဲလှယ်သွားသူ နှစ်ယောက်ကို ရှာမတွေ့တဲ့အတွက် ထီလက်မှတ်ပိုင်ရှင် ဒေါ်ခင်နှောင်းက မိုးညှင်းမြို့ မြို့မရဲစခန်းမှာ သြဂုတ် ၅ ရက် နေ့လယ်ပိုင်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ မိုးညှင်းမြို့ မြို့မရဲစခန်း အမှုစစ် ဒုရဲအုပ်ကြည်စိုး က (ပ)၉၀/၁၆ပုဒ်မ၃၈၀ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း

A d v e r t i s e m e n t With Us

More News
Up