အိုလံပစ် တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ်တစ် ဂျိုကိုဗစ် ရှုံးနိမ့်

ဓာတ်ပုံ - ရိုက်တာ
2.2K
ဘရာဇီးနိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ရီယို ၂၀၁၆ အိုလံပစ် တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ် ပထမအဆင့်မှာပဲ ရှုံးသွားပါတယ်။
နာမည်ကြီး ဂျိုကိုဗစ်ဟာ အာဂျင်တီးနားက ဂျုအန် မာတင် ဒယ်ပေါ်တိုကို ၂ ပွဲပြတ်နဲ့ ရှုံးသွားတာပါ။
ဒယ်ပေါ်တိုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရလို့ ကမ္ဘာ့အဆင့် ၁၄၅ အထိ ကျဆင်းခဲ့သူ ဖြစ်ပါတယ်။
ဒီပွဲမှာ ဒယ်ပေါ်တိုက ပြင်းထန်တဲ့ စပေးဘော ရိုက်ချက်တွေကနေ အသာစီးယူပြီး ယှဉ်ပြိုင်သွားပါတယ်။
ဂျိုကိုဗစ်ဟာ အိုလံပစ်ပြိုင်ပွဲတွေမှာထက် ဂရန်းစလန်းပြိုင်ပွဲတွေမှာ ပိုပြီး အောင်မြင်မှု ရထားသူ ဖြစ်ပါတယ်။