A d v e r t i s e m e n t With Us

အာဂျင်တီနားနည်းပြသစ်က မက်ဆီကို လက်ရွေးစင်အသင်းတွင် ပြန်ကစားစေလို

ဓာတ်ပုံ - ရိုက်တာ
အာဂျင်တီးနား နည်းပြသစ် အက်ဂါဒို ဘူဇာက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို လက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့ အလိုရှိနေပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လက ကိုပါဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်လို့ ရှုံးနိမ့်ပြီး နောက်ပိုင်းမှာ လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့ပါတယ်။ နည်းပြ ဘူဇာကတော့ မက်ဆီနဲ့ စကားပြောဆိုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနားအသင်းဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အတွက် စက်တင်ဘာလထဲမှာ ဥရုဂွေး၊ ဗင်နီဇွဲလားတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up