ဘာစီလိုနာ နောက်ခံလူ ဗာမယ်လန် ရိုးမားသို့ ပြောင်းရွှေ့မည်
ဘာစီလိုနာအသင်းက နောက်တန်းကစားသမား တော်မတ် ဗာမယ်လန်ကို အသင်းပြောင်းဖို့ ခွင့်ပြုလိုက်တဲ့အတွက် အီတလီကလပ် ရိုးမားအသင်းကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် နောက်တန်းကစားသမားဟာ အာဆင်နယ်ကနေ ၂၀၁၄ မှာ ပေါင် ၁၅ သန်းနဲ့ ဘာစီလိုနာကို ရောက်ရှိလာတာပါ။
ဒါပေမယ့် ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရလို့ ဘာကာအတွက် ၁၁ ပွဲပဲ ကစားခွင့် ရထားပါတယ်။
ဗာမယ်လန်ဟာ အာဆင်နယ်မှာတုန်းက ပွဲပေါင်း ၁၁၀ ကစားပေးထားပြီး ၁၃ ဂိုး သွင်းယူထားပါတယ်။
သူဟာ ဘယ်လ်ဂျီယံအသင်းအတွက်တော့ ၅၈ ပွဲမှာ ၁ ဂိုး သွင်းယူပေးထားပါတယ်။