A d v e r t i s e m e n t With Us

မက်ဆီဒိုးနီးယားတွင် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပြီး လူ ၂၀ သေဆုံး (ရုပ်သံ)

မက်ဆီဒိုးနီးယားနိုင်ငံ၊ စတိုပီယာ (Skopje) မြို့တော်မှာ သြဂုတ် ၇ ရက်က ရုတ်တရက် ရေကြီးရေလျှံမှုတွေဖြစ်ပြီး အနည်းဆုံး လူအယောက် ၂၀ သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ သူတို့စီးလာတဲ့ ကားနဲ့အတူ ရေနစ်သေဆုံးတာဖြစ်ပြီး ရုပ်အလောင်းတွေကို မနက်ပိုင်းမှ တွေ့ရှိတာပါ။ မြို့တော်မှာ မိုးရေချိန် ၃ လက်မခွဲကျော် ရွာသွန်းခဲ့ပြီး သြဂုတ်လတလလုံး ပျမ်းမျှမိုးရေချိန်ထက် ကျော်လွန်သွားပါတယ်။ ရေကြီးရေလျှံမှု အခြေအနေ အတော်ဆိုးခဲ့ပြီး ဘယ်တုန်းကမှ မကြုံဖူးခဲ့ဘူးလို့ စတိုပီယာမြို့တော်ဝန်က ပြောဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၀ ကျော် အရေးပေါ် ဆေးကုသပေးနေပြီး စစ်တပ်နဲ့ ရေဘေးကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းက ကျေးရွာ ၃ ရွာလည်း မြေပြိုမှုတွေဖြစ်ပြီး အဆက်အသွယ် ပြတ်တောက်နေပါတယ်။ မိုးလေ၀သဌာနကလည်း မိုးဆက်လက်ရွာသွန်းဦးမယ်လို့ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up