အီဗရာဟီမိုဗစ်ခ်ျ၏ အနိုင်ဂိုးဖြင့် မန်ယူ ကွန်မြူနတီဒိုင်း ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

3.9K
သြဂုတ် ၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ မန်ယူက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျရဲ့ သွင်းဂိုး အပါအ၀င် ၂ ဂိုး ၁ ဂိုးနဲ့ လက်ဆက်စတာစီးတီးအသင်းကို အနိုင်ရသွားပါတယ်။
အက်ဖ်အေချန်ပီယံ မန်ယူအတွက် ဦးဆောင်ဂိုးကို လင်ဂတ်က ၃၂ မိနစ်မှာ သွင်းယူပါတယ်။
မန်ယူက ဘောလုံးကိုင်ကစားနိုင်ပေမယ့် လက်ဆက်စတာက တန်ပြန်တိုက်စစ်တွေကနေ ဒုက္ခပေးနိုင်ခဲ့ပါတယ်။
လက်ဆက်စတာအတွက် ချေပဂိုးကို မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီရဲ့ အမှားကနေ ၅၂ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။
မန်ယူအတွက် ဒုတိယအနိုင်ဂိုးကို ဗလန်စီယာရဲ့ တောင်ပံ ဖြတ်တင်ဘောကနေ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ခေါင်းတိုက်သွင်းယူပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြ အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ရပါတယ်။
မန်ယူအသင်းဟာ ကွန်မြူနတီဖလားကို ၂၁ ကြိမ်မြောက် ရယူနိုင်တဲ့အတွက် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံး အသင်းလည်း ဖြစ်ပါတယ်။