ရေအောက်ကမ္ဘာမှ ကျားငမန်းနှင့် ဦးခေါင်းပြားငါးမန်းနီတို့ရဲ့ တိုက်ပွဲ (ရုပ်သံ)

ရေအောက်ကမ္ဘာမှ ကျားငမန်းတကောင်နဲ့ ဦးခေါင်းပြားငါးမန်းနီတကောင်ရဲ့ မြင် တွေ့ရခဲလှတဲ့ တိုက်ပွဲဟာ မက္ကဆီကိုပင်လယ်ကွေ့၊ လူဝီစီးယားနားပြည်နယ်ကမ်းရိုး တန်းမှာ ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ရုပ်သံမှတ်တမ်းကို နေရှင်နယ်ဂျီအိုဂရပ်ဖစ်သတင်းချန်နယ်မှ တဆင့် ယူကျူ့အင်တာနက်စာမျက်နှာပေါ်ကို ဇူလိုင်လ ၃၀ ရက်နေ့က တင်ခဲ့တာပါ။ ရိုင်ယန်ဝီလ်ဆီးဟာ ငါးဖမ်းလှေတစင်းနဲ့ တူနာငါးဖမ်းထွက်ချိန်မှာ ကြုံခဲ့ရတာကို ဆဲလ်ဖီစတစ်ခ်နဲ့ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တူပုံသဏ္ဌာန်ဦးခေါင်းပြားငါးမန်းနီတကောင်ကို ငါးမျှားချိတ်မှာ ဖမ်းမိခဲ့တာပါ။ အဲဒီနောက် အချိန်အနည်းငယ်အကြာမှာ ပြောင်းလဲမှုတခုကို ရုတ်တရက်တွေ့လိုက်ရတာပါ။ သူ့ရဲ့အနီးကို ကျားငမန်းတကောင်ဟာ အစာဖမ်းဖို့ ရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျားငါးမန်းဟာ ဦးခေါင်းပြားငါးမန်းနီကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာကို တွေ့ရပြီး ဦးခေါင်းပြားငါးမန်းဟာလည်း ငါးမျှားချိတ်ကနေ လွတ်မြောက်သွားခဲ့ တာပါ။ ကျားငါးမန်းတွေဟာ မျိုးတူငါးမန်းတွေအပါအ၀င် ရေသတ္တ၀ါအစုံကို စားသောက်ကြတဲ့ သားစားကြူးတဲ့ သတ္တ၀ါမျိုးပါ။ ဒီတိုက်ခိုက်မှုမှာတော့ ကျားငါးမန်းဟာ ဦးခေါင်းပြားငါးမန်းနီကို ကိုက်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဦးခေါင်းပြားငါးမန်းနီဟာ ဒဏ်ရာရခဲ့ပေမယ့် ရေထဲမှာ ဆက်လက်ကူးခပ်နေခဲ့ချိန်မှာ နောက်တကြိမ် တိုက်ခိုက်ခဲ့ချိန်မှာတော့ မလွတ်မြောက်နိုင်တော့ပဲ ကျားငါးမန်းဆွဲချီရာ ရေအောက်အနက်ထဲကို ရောက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ ခုချိန်မှာတော့ သီတင်းတပတ်အတွင်း ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုတဲ့ အရေအတွက်ဟာ ၁သိန်းကျော်ရှိနေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up