ကောင်းကင်အမြင့်ခုန်စဉ် လေထီးမပွင့်၍ လေထီးသမားနှစ်ဦးသေဆုံး

1.3K
ကောင်းကင်အမြင့်ခုန်စဉ်မှာ လေထီးမပွင့်ခဲ့တဲ့အတွက် လေထီးခုန်သမား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ အမေရိကန်အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါ တယ်။
သူတို့ရဲ့ အမည်တွေကိုတော့ ထုတ်ဖော်မပြောနိုင်သေးပဲ ဒေသတွင်းရဲဌာနဆီ သြဂုတ်လ ၆ ရက်နေ့မနက်ပိုင်းက အရေးပေါ်ဆက်သွယ်မှုရပြီးခဲ့ချိန်မှာ ကယ်လီဖိုးနီး ယားပြည်နယ်၊ အက်ကမ်ပိုဒေသက စပျစ်ခြံတခြံထဲမှာ တွေ့ရှိခဲ့ရတာလို့ အိုင်တီဗွီသ တင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဆက်ကရာမင်တိုဒေသတွင်း မျက်မြင်သက်သေတွေကတော့ သူတို့အနေနဲ့ လေ ထီးပွင့်ခဲ့တာကို မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
လေထီးခုန်သမားတွေဟာ အက်ကမ်ပိုဒေသ လေထီးခုန်သင်တန်းကျောင်းဗဟို မှာ ခုလိုခုန်ချခဲ့ကြတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်း လင်းမသိနိုင်သေးဘူးလို့ ဒေသတွင်းရဲဌာနမှ တာဝန်ရှိသူ ရန်ဒီ ဂျွန်ဆင်က ပြောပါ တယ်။
ဒါပေမယ့် အပျော်တမ်းလေထီးခုန်သမားတွေအနေနဲ့လည်း ညွှန်ကြားသူမပါပဲ ခုန်မချသင့်ဘူးလို့ ဆိုပါတယ်။
အက်ကမ်ပိုဒေသ လေထီးခုန်သင်တန်းကျောင်းဗဟိုမှ ပိုင်ရှင် ဘီလ်ဒေါ့စ်ကတော့ သင်ကြားရေးနည်းပြဆရာတွေဟာ သီးခြားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး အတွေ့အ ကြုံရှိသူတွေဖြစ်တာမို့ ခုလိုဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိနိုင်ဘူးလို့ အန်ဘီစီသ တင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ အသေးစိတ်အချက်အလက်တွေကို လေကြောင်းညွှန်ကြားမှုဦး စီးဌာနဗဟိုမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။