Home
မြန်မာသတင်း
အမျိုး​သမီး​ သုံး​ဦး​ နိုဘယ်လ်ဆုချီး​မြှင့်​ခံရ
DVB
·
October 7, 2011
၂၀၁၁ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို လိုက်​ဘေး​ရီး​ယား​နိုင်ငံက အမျိုး​သမီး​နှစ်ဦး​ နဲ့​ယီမင်နိုင်ငံက အမျိုး​သမီး​ တဦး​ကို ​နော်​ဝေ နိုဘယ်လ်ဆု ​ရွေး​ချယ်​ရေး​ကော်မတီက ပူး​တွဲ ​ရွေး​ချယ်ဆုချီး​မြှင့်​လိုက်ပါတယ်။ [caption id="attachment_16261" align="alignright" width="310" caption="အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်၊​ တာဝါကူးခါမန်း၊​ ​လေးမန်ဘိုဗင်း-ဝဲမှယာ (ဓာတ်ပုံ ရိုက်တာ)"][/caption] နော်​ဝေနိုင်ငံ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက လိုက်​ဘေး​ရီး​ယား​ အမျိုး​သမီး​သမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့​ တနိုင်ငံတည်း​သား​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​စည်း​ရုံး​လှုပ်ရှား​သူ Leymah Gbowee ​လေး​မန်ဘိုဗင်း​ နဲ့​ ယီမင်နိုင်ငံက အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​ တက်ကြွလှုပ်ရှား​သူ တာဝါကူး​ခါမန်း​ Tawakkul Karman တို့​ကို ညီတူမျှတူ ခွဲ​ဝေ ​ပေး​အပ်လိုက်တဲ့​အ​ကြောင်း​ ဒီက​နေ့​ ထုတ်ပြန်​ကြေညာသွား​ခဲ့​ပါတယ်။ အမျိုး​သမီး​ သုံး​ဦး​ဟာ အမျိုး​သမီး​တွေဘဝ ​ဘေး​ကင်း​လုံခြုံ​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​နေရာမှာ အမျိုး​သမီး​တွေ အခွင့်​အ​ရေး​အပြည့်​အဝနဲ့​ ပါဝင်နိုင်​ရေး​အတွက် အကြမ်း​မဖက်တဲ့​လှုပ်ရှား​မှု ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုချီး​မြှင့်​တယ်လို့​ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက ​ပြောပါတယ်။ ဒါ့​အပြင် လူ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပါဝင်​ဆောင်ရွက်ခွင့်​မှာ အမျိုး​သမီး​တွေဟာ အမျိုး​သား​တွေနဲ့​ တန်း​တူအခွင့်​အ​ရေး​ မရဘူး​ဆိုရင်​တော့​ ဒီမိုက​ရေစီနဲ့​ ​ရေရှည်ငြိမ်း​ချမ်း​ရေး​ကို ရရှိမှာ မဟုတ်ပါဘူး​လို့​ လည်း​ ဆိုပါတယ်။ ခုလို အမျိုး​သမီး​တွေကို နိုဘယ်လ်ဆု ​ရွေး​ချယ်​ပေး​အပ်လိုက်တာဟာ ကမ္ဘာတဝန်း​က အမျိုး​သမီး​တွေကို အထူး​သဖြင့်​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက အမျိုး​သမီး​တွေကို အား​တက်​စေမှာဖြစ်ပါတယ်။ သံမဏိ အမျိုး​သမီး​ကြီး​လို့​လူသိများ​တဲ့​ အသက် ၇၀ အရွယ် အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်ဟာ အာဖရိကရဲ့​ပထမဆုံး​ အမျိုး​သမီး​သမ္မတဖြစ်ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ကျင်း​ပမယ့်​ သမ္မတ ​ရွေး​ကောက်ပွဲမှာ ပြန်လည်အ​ရွေး​ခံဖို့​ပြင်ဆင်မှု​တွေပြုလုပ်​နေသူ ဖြစ်ပါတယ်။ အယ်လန်ဂျွန်ဆင်ဆာလစ်အ​နေနဲ့​ နိုဘယ်လ်ဆုကရရှိမယ့်​ ဆု​ကြေး​အ​မေရိကန်​ဒေါ်လာ ၁သန်း​ခွဲကို ဆုရသူ ၃ ဦး​နဲ့​အတူ ညီတူမျှတူ ခွဲ​ဝေယူရမှာဖြစ်ပါတယ်။    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024