A d v e r t i s e m e n t With Us

ပညာရေးမြှင့်တင်မှု ရန်ပုံငွေ ဖျော်ဖြေပွဲ မုံရွာမြို့တွင် ပြုလုပ်

မုံရွာမြို့မှာ ပညာရေးမြှင့်တင်မှု ရန်ပုံငွေ အနုပညာဖျော်ဖြေပွဲကို သြဂုတ် ၆ ရက်နေ့ညက ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အနုပညာဖျော်ဖြေပွဲကို မုံရွာမြို့ မြို့တော်အခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုတော် ၃၀ နီးပါး ပါဝင်ဖျော်ဖြေသီဆိုခဲ့ကြပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေကိုတော့ ပညာရေးအတွက် သင်ထောက်ကူပေးနိုင်မယ့် ပစ္စည်းတွေကို ၀ယ်ယူလှူဒါန်းသွားမည်ဖြစ်ပြီး ချို့တဲ့စွာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေနဲ့ သီလရှင်ကျောင်းတိုက်က တိုင်းရင်းသား ကလေးငယ် ၄၀ ကျော် ကိုထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ထူးအယ်လင်း၊ မိုးမိုး၊ Fokker (ဖော်ကာ)၊ ဖူးဖူး၊ ရဲရင့် စတဲ့ အဆိုတော်တွေအပြင် မော်ဒယ် နန်းခင်ဇေယျာနဲ့ မော်ဒယ်အများပြားလည်းပါဝင် ဖျော်ဖြေခဲ့ကြပါတယ်။ ဖျော်ဖြေပွဲကို (Unsang Heroes Group) အန်ဆန်း ဟီးရိုးစ်ဂရုမှ မိန်းစပွန်စာအဖြစ်ပေးထားပြီး မုံရွာမြို့တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေက ကူညီထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ ရန်ပုံငွေဖျော်ဖြေပွဲရုံဝင်ကြေးကိုတော့ ငွေကျပ် ၇၀၀၀ သတ်မှတ်ထားပြီး မြို့ခံအများပြား လာရောက်ကြည့်ရှုလှူဒါန်းခဲ့ကြပါတယ်။ Unsang Heroes Group အနေနဲ့ ပညာရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတခုလို့သိရပြီး အခုလို ပညာရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ၂၀၁၄ ခုက မုံရွာမြို့မှာ ပထမအကြိမ် ပြုလုပ်ခဲ့ဖူးပြီး အခုနဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ရန်နိုင်စိုး  

A d v e r t i s e m e n t With Us

More News
Up