Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကာမိုင်းရွှေမှော်မှ အလုပ်သမား ထောင်ချီထွက်ပြေး
ရွှေအောင်
·
August 7, 2016
13957579_10206932477053017_579027536_n
13957468_10206932486973265_231222020_n
13957042_10206932482253147_168500376_n
13936603_10206932490773360_1258213007_n
13900716_10206932502013641_1419209581_n
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်ရွာအနီးရှိ ရွှေမှော်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားနဲ့  ဈေးသည် ၁၀၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။ ၄-၅ ရက်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတာကြောင့် စားသောက်ဖို့ပင် အခက်အခဲဖြစ်လာလို့ ထွက်ပြေးခဲ့တာဖြစ်တဲ့အကြောင်း ထွက်ပြေးလာသူ မှော်ထဲက ဈေးသည် ကိုဆန်းဦး က ပြောပါတယ်။ “တိုက်ပွဲသံတွေ ကြားနေရတော့ မနေရဲတော့ဘူးလေ၊ လမ်းကြောတွေလည်း ပိတ်ထားတော့ ပစ္စည်းတွေလည်း မ၀င်၊ စားနပ်ရိက္ခာလည်း သယ်လို့ မရဘူးဗျ၊ သယ်လို့ မရတဲ့အခါကျတော့ မှော်ထဲမှာ ဆက်ပြီး ရပ်တည်လို့ မရတော့ဘူးလေ၊ ဆက်ပြီး ရပ်တည်လို့ မရတဲ့အခါကျတော့ ထွက်ပြေးလာတာပေါ့။ သူတို့ကတော့ ထွက်ပြေးပါလို့ မပြောဘူး၊ ထွက်ပြေးချင်ရင်တော့ ဒီလမ်းကြောင်းက ထွက်ပြေးဆိုပြီး လမ်းဖွင့်ပေးတယ်၊ ကေအိုင်အေက။” သြဂုတ် ၆ ရက် မနက်ပိုင်းက ကာမိုင်းမြို့နယ် ရှဒူဇွပ်ရွာကို အများဆုံးထွက်ပြေးလာကြတာဖြစ်ပြီး ထွက်ပြေးလာသူတွေကို နယ်မြေခံစစ်တပ်က ကားတွေနဲ့ နမ္မတီးနဲ့ မြစ်ကြီးနားကို ဒီနေ့မှာ ပို့ဆောင်ပေးခဲ့ပါတယ်။ ကာမိုင်းမြို့နယ်ထဲရှိ ချောင်းဆုံမှော် အောင်လင်းမှော်၊ မှော်ဖ စတဲ့ ရွှေမှော် ၁၂ ခုလောက်က မှော်လုပ်သားနဲ့ ဈေးသည်တွေ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး မှော်လုပ်သား ၁၀၀ ကျော်လောက်ပဲ မှော်ထဲ ကျန်ခဲ့တယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။ သြဂုတ် ၆ ရက်မှာ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက  ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်နယ်မြေအတွင်း တပ်မတော်စစ်ကြောင်းတွေက ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၂ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံ - အောင်နိုင်ဦး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024