၂၀၁၆ ခုနှစ်အတွင်း လေယာဉ်မတော်တဆ ပျက်ကျမှုများ (ရုပ်သံ)

ဇန်န၀ါရီ ၈ - ဆွီဒင်အခြေစိုက် West Air Sweden Flight 294 ဟာ အာကယော်ရေ လှောင်တမံအနီးမှာ CRJ 200 ကုန်တင်သင်္ဘောတစင်းပေါ် ပျက်ကျခဲ့ပြီး နှစ်ဘက်ယာဉ် ပေါ်ပါ အမှုထမ်းတွေအားလုံး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ - အဲဘတ်စ် A321 အမျိုးအစား Daaollo လေကြောင်းလိုင်းမှ Flight 159 လေယာဉ်ဟာ ဆိုမာလီယာနိုင်ငံ၊ အေဒင်အက်ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာပျံသန်းစဉ်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အ သေခံဗုံးဖောက်ခွဲမှုတရားခံတဦးကတော့ လေယာဉ်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ - Tara Air Flight 193 လေယာဉ်တစီးဟာ မုန်တိုင်းကြားမှာ ပျံသန်းစဉ်မှာ နီပေါနိုင်ငံ၊ မိုင်ဒီးခရိုင်၊ ဒေနာဒေသမှ တောင်စောင်းတခုပေါ် ပျက်ကျခဲ့ပြီး လေ ယာဉ်ပေါ်ပါ လူ ၂၃ ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ - နီပေါနိုင်ငံမှာAir Kasthamandap PAC 750XL လေယာဉ်ဟာ ဆင်း သက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်း ၂ ဦးသေဆုံးပြီး ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မတ် ၁၉ -  ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Flydubai Flight 981 လေယာဉ်တစီးဟာ ရုရှားနိုင်ငံ၊ ရော့စတော့ဗွန်ဒွန်လေဆိပ်ဆီ ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၆၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ မတ် ၂၉ - အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 181 လေယာဉ်တစီးဟာ ပျံ သန်းနေစဉ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဆိုက်ပရပ်စ်နိုင်ငံ၊ လန်နာကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ခေါ်ဆောင်သွားခံခဲ့ရပြီးနောက်မှာမှ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဧပြီ ၄ -  ဂျကာတာနိုင်ငံ၊ ပါဒနာ ကပ်ဆမာလေဆိပ်မှာ ဘိုးအင်း ၇၃၇-၈၀၀ အမျိုးအစား Batik Air Flight 7703 လေယာဉ်ဟာ ATR 42 လေယာဉ်တစီးနဲ့ ပြေးလမ်းပေါ်မှာ တိုက်မိခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၁၃ - Sunbird လေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ပါပူအာ နယူးဂီနီနိုင်ငံ၊ ကီ အန်ဂါဆိပ်ကမ်းမြို့ဆီ ဆင်းသက်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ်ပျက်ကျခဲ့ပြီး လေယာဉ် ပေါ်ပါသူ ၁၂ ဦးလုံး သေဆုံးခဲ့ပါတယ်။ ဧပြီ ၂၉ - EC225L Super Puma ရဟတ်ယာဉ်ငယ်တစီးဟာ နော်ဝေနိုင်ငံ၊ တူရေးကျွန်း ဆီ ဆင်းသက်ချိန်မှာ မတော်တဆပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်းတဦး သေဆုံးခဲ့ပါတယ်။ မေ ၁၈ - Silk Way လေကြောင်းလိုင်းပိုင် Antonov An-12 လေယာဉ်တစီးဟာ အာဖ ဂန်နစ္စတန်နိုင်ငံတောင်ပိုင်းမှာ လေယာဉ်စက်ပိုင်းချို့ယွင်းမှုတခုဖြစ်ပြီး ပျက်ကျခဲ့လို့ ၇ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မေ ၁၉ - အဲဘတ်စ် A320 အမျိုးအစား အီဂျစ်အဲ Flight 804 လေယာဉ်တစီးဟာ မက်ဒီ တာရေးနီးယန်းပင်လယ်အရှေ့ပိုင်း မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် စုစုပေါင်း ၅၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၀ ဦးကို သေဆုံးသွားခဲ့ပြီလို့ ယူဆနေကြပါ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up