ကိုလံဘီယာ တိုက်စစ်မှူးကို မန်စီးတီး ခေါ်ယူ
မန်ချက်စတာစီးတီးအသင်းက ကိုလံဘီယာ တိုက်စစ်မှူး မာလို့စ် မိုရီနိုကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
မန်စီးတီးက တိုက်စစ်မှူး မိုရီနိုကို ကိုလံဘီယာကလပ် အက်လက်တီကို နာဆီယိုနယ်အသင်းကနေ ပေါင် ၄ သန်းကျော်ပေးပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။
ကိုလံဘီယာကလပ်က အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးခဲ့တဲ့ ဘောလုံးရာသီက စပိန်ကလပ် ဒီဗို့တီဗိုအသင်းကို အငှားချထားခဲ့ပါတယ်။
သူဟာ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာရဲ့ တတိယမြောက် ခေါ်ယူခြင်း ခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဆက်ကျော်သက်တိုက်စစ်မှူး မိုရီနိုကတော့ နည်းပြ ဂွါဒီယိုလာက လူငယ်ကစားသမားတွေကို တိုးတက်လာအောင် ပြုစု ပျိုးထောင်ပေးခြင်တဲ့ နည်းပြတယောက် ဖြစ်တယ်လို့ ပြောပါတယ်။