ကွန်မြူနတီဒိုင်း မန်ယူကို အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု လက်စတာနည်းပြပြော

Britain Football Soccer - Manchester United v Leicester City - Barclays Premier League - Old Trafford - 1/5/16
Leicester City manager Claudio Ranieri
Action Images via Reuters / Jason Cairnduff
Livepic
EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or "live" services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.
1.1K
မန်ယူနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းပြိုင်ပွဲဟာ ခြေစမ်းပွဲ မဟုတ်ဘူးလို့ လက်စတာ စီးတီးအသင်း နည်းပြ ရိုင်နရီက ပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းဟာ အက်ဖ်အေ ချန်ပီယံ မန်ယူနဲ့ ဒီကနေ့ညမှာ ရာသီအကြို ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲမှာ မန်ယူကလည်း အစွမ်းကုန်ယှဉ်ပြိုင်မှာ ဖြစ်သလို ကျနော်တို့အသင်းကလည်း အစွမ်းကုန် ပေးဆပ်မှာပါလို့ လက်စတာ နည်းပြက ပြောပါတယ်။
နည်းပြ ရိုင်နရီဟာ ဒီနှစ်ရာသီအတွင်း အားဖြည့်တဲ့အနေနဲ့ ကစားသမားသစ် ၅ ဦး ခေါ်ယူ ထားပါတယ်။ ဒါ့အပြင် မနှစ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တာကို မေ့ထားလိုက်ပြီလို့လည်း ဆိုပါတယ်။
လက်စတာဟာ သြဂုတ် ၁၃ ရက်နေ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဟားစီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။