A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရေကြီးပြီး တံတားကျိုး၊ လူ ၂၂ လောင်း ဆယ်ယူရရှိ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်တျာပြည်နယ်မှာ ရေကြီးအပြီး တံတားတစင်း ကျိုးကျခဲ့ပြီး သြဂုတ် ၅ ရက်နေ့က အလောင်း ၂၂ လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒေသတွင်းမှာ အကြီးအကျယ် ရေလွှမ်းမိုးအပြီး ခုလိုဖြစ်တာပါ။ မွမ်ဘိုင်း ဂိုအာ အဝေးပြေးလမ်းပေါ်က ကိုလိုနီခေတ်တည်းက ဆောက်ထားတဲ့ တံတားဟာ စာဗီထရီ မြစ်ရေကြီးတဲ့ ဒဏ်ကြောင့် သြဂုတ် ၃ ရက်နေ့က ကျိုးကျခဲ့တာပါ။ တံတားကျိုးအပြီး ခရီးသည် ၂၂ ယောက်ကို တင်ထားတဲ့ ခရီးသည်တင် ဘတ်စ်ကား ၂ စီး ပျောက်ဆုံးနေတယ်လို့ ကနဦး အစီရင်ခံစာတွေက ဆိုပါတယ်။ အမျိုးသားကပ်ဘေး တုံ့ပြန်ရေး အဖွဲ့တွေနဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ကယ်ဆယ်ရှာဖွေရာမှာ အလောင်းတွေကို ပြန်ရခဲ့တာပါ။ အလောင်း ၂၁ လောင်းက ဘယ်သူဘယ်ဝါ ဆိုတာ သိပြီးပြီလို့ ရိုင်ဂတ် ခရိုင်အရာရှိက ပြောပါတယ်။ အလောင်းတွေကို ဆွေမျိုးတွေဆီ လွှဲပေးနေတယ်လို့လည်း သူက ပြောပါတယ်။ မိုးအဆက်မပြတ် ရွာနေလို့ ရေကြီးနေတဲ့ အရွန်ဂါဘဒ် ခရိုင်မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up