A d v e r t i s e m e n t With Us

အမြင့်ကနေ ပြုတ်ကျမည့် ချစ်သူကို မကယ်ခဲ့သည့် ကောင်လေး ဝေဖန်ခံရ (ရုပ်သံ)

အမြင်ပေါ်ကနေ ပြုတ်ကျတဲ့ ချစ်သူကို ကယ်တင်ရန် မကြိုးစားတဲ့ ကောင်လေးကို လူမှုရေး ကွန်ရက် ပေါ်မှာ ဝေဖန်နေပါတယ်။ ကျောက်ကမ်းပါး အမြင့်ပေါ်ကနေ ရေထဲကို ခုန်ချဖို့ အတွက် ဘီကနီဝတ်ထားတဲ့ ကောင်မလေးက ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း တချက်မှာတော့ ကောင်မလေးက ခြေချော်ပြီး ဟန်ချက်ပျက်သွားပါတယ်။ ဒီလို ဖြစ်သွားချိန်မှာ ကောင်လေးရဲ့ ခြေထောက်ကို ကောင်မလေးက ဆွဲယူဖို့ ကြိုးစားခဲ့ပါတယ်။ ကောင်လေးက ခြေထောက်ကို အဆွဲမခံဘဲ ရှောင်ထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနောက်မှာတော့ ကောင်မလေးဟာ ရေထဲပြုတ်ကျသွားပုံကို ရုပ်သံဖိုင်မှာ အကြိမ်ကြိမ်ပြသထားပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် သြဂုတ် ၆ ရက်နေ့က လူမှုရေးကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up