A d v e r t i s e m e n t With Us

ရပ်ရွာအခြေပြုပြီး သဘာဝဘေး ကာကွယ်မည်ဟု ဒုသမ္မတ ပြော

ရပ်ရွာလူထု အခြေပြု သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမယ်လို့  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ပြောလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး ဘေးအန္တရာယ်အတွက် ဖြေရှင်း ဆောင်ရွက်ဖို့ မပြီးသေးခင်မှာပင် နောက်ထပ် သဘာဝဘေးတခု ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ “ယခင်ရေကြီးနစ်မြုပ်မှုများ မဖြစ်ပွားခဲ့သည့် ဒေသများ၌ပင် ရေကြီး နစ်မြုပ်မှုများ၊ လေပြင်းတိုက်ခတ်မှု၊ မြစ်ကမ်းပါးပြိုကျမှု၊ မိုးကြိုးပစ်မှု များအပြင် အပူရှိန် မြင့်မားမှုကြောင့်ဖြစ်သည့် ရေရှားပါးပြတ်လပ်မှုများ၊ မိုးသီးကြွေကျမှု များသည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဖြစ်ပေါ်နေသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပေါ်ပေါက်လာသည့် ဘေးအန္တရာယ်အတွက် ဖြေရှင်းဆောင်ရွက်ရန် မပြီးသေးခင်မှာပင် နောက်ထပ် သဘာဝ ဘေးတစ်ခု ဆက်တိုက်ဖြစ် ပေါ်နေသည့် အခြေအနေများကိုလည်း ကြုံတွေ့နေရကြောင်း။” ဒါ့အပြင် သူက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ရင် ကြိုတင်ကာကွယ်တဲ့အဆင့်၊ ဖြစ်လာလျှင် ရှာဖွေ ကယ်ဆယ်တဲ့ အဆင့်၊ ဖြစ်ပြီးလျှင် ပြန်လည်ထူထောင်တဲ့ အဆင့်ဆိုတာ ရှိပြီး နောင်တွင် မဖြစ်အောင်နှင့် ဖြစ်လာလျှင်လည်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။ လတ်တလော ပြည်နယ်တိုင်း ၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ဘာမှ မလုပ်ကြဘူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာချိန်မှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ ဦးဆောင်တဲ့ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီစည်းဝေးပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up