A d v e r t i s e m e n t With Us

ပင်လယ်စာဆိုင်မှာ စားပွဲထိုးလုပ်နေသည့် သမ္မတ အိုဘားမား သမီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားရဲ့သမီး ဆာဟာ အိုဘားမားဟာ ပင်လယ်စာဆိုင်မှာ စားသုံးသူတွေကို ၀န်ဆောင်မှု ပေးနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက် ၁၅ နှစ်အရွယ် ဆာဟာက မက်ဆာချူးဆတ်က မာသာ ၀ိုင်ခင်းမှာ အစားအသောက်တွေ ၀န်ဆောင်မှု ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ သမ္မတ အိုဘားမားရဲ့ အငယ်ဆုံးသမီးက စားသောက်ဆိုင် ၀တ်စုံ အပြာရောင် တီရှပ် ဦးထုတ်တွေကို ၀တ်ဆင် အလုပ်လုပ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လျိုဝှက် ကိုယ်ရံတော် ၆ ဦးနဲ့ အတူ ဆာဟာက အလုပ်လုပ်ဖို့ လာတယ်လို့ ဘော်စတွန်ဟာရယ် သတင်းဌာနက ရေးပါတယ်။ အတူတွဲလုပ်တဲ့သူတဦးက ဆာဟာဟာ အောက်ထပ်က မုန့်တွေယူတဲ့ ကောင်တာမှာ အလုပ်လုပ်တာဖြစ်ပြီး ဘာကြောင့် လူ ၆ ယောက်က သူကို ကူနေလည်း မသိပေမယ့် နောက်ပိုင်းမှာတော့ သူဘယ်သူလဲဆိုတာ သိလာပါတယ်။ အိမ်ဖြူတော်ကတော့ ဒီကိစ္စအပေါ် တစုံတရာ မှတ်ချက်မပေးပေမယ့် အိုဘားမားရဲ့ဇနီး မစ်ရှယ်လ် အိုဘားမားကတော့ သူ့သမီးတွေကို သာမန်လူတွေလိုပဲ ပျိုးထောင်ကြီးပြင်းစေမယ်လို့ ပြောထားပါတယ်။ မုန့်ယူတဲ့ ကောင်တာအပြင် ဆာဟာက စားပွဲတွေမှာ စောင့်ဆိုင်းစေတာ၊ နေ့လယ်စာ စားသောက်ဆိုင် ဖွင့်ချိန်မှာ ကူညီပြင်ဆင်ပေးတာလည်း ပါဝင်ပါတယ်။ သူရဲ့ လုံခြုံရေး အဖွဲ့တွေက အနီးက ကားပေါ်နဲ့ ခုံတန်းရှည်ပေါ်မှာ စောင့်ဆိုင်းနေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆာဟာ အလုပ်လုပ်နေတဲ့မြို့ဟာ နွေရာသီမှာ အိုဘားမားရဲ့ အကြိုက်နှစ်သက်ဆုံး မြို့တမြို့လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up