အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ် (သတင်းဓာတ်ပုံ)
ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွေကို သြဂုတ် ၅ ရက်က ခမ်းခမ်းနားနား ကျင်းပပါတယ်။
၃၁ ကြိမ်မြောက် အိုလံပစ်ဖွင့်ပွဲကို မာရာကာနာကွင်းမှာ ဖွင့်လှစ်ခဲ့သလို နိုင်ငံပေါင်း ၂၀၆ နိုင်ငံက ပြေးခုန်ပစ် အားကစားသမားတွေနဲ့ ဒုက္ခသည်အသင်းကလည်း ဖွင့်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
ဖွင့်ပွဲမှာ နိုင်ငံတကာ အသင်းတွေ စီတန်းလှည့်လည်တဲ့ လှုပ်ရှားမှုတွေ အိုလံပစ် မီးရှုးတိုင် ထွန်းညိတာတွေ ဖွင့်ပွဲကွင်းကို အလှဖော်ထားတဲ့ ပုံရိပ်တွေကို မှတ်တမ်းယူထားပြီး အိုလံပစ် ပြိုင်ပွဲရဲ့ တရားဝင် လူမှုရေးကွန်ရက် စာမျက်နှာပေါ်မှာ တင်ထားပါတယ်။