အိုလံပစ်ပြိုင်ပွဲဝင် လက်ဝှေ့သမားတဦး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဖမ်းဆီးခံရ

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မော်ရိုကို လက်ဝှေ့သမားတဦးကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ဆောင်မှုနဲ့ ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ရီယိုဒီဂျေးနီရို အိုလံပစ်ရွာမှာ သန့်ရှင်းရေး အမျိုးသမီး ၂ ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်လို့ စွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သြဂုတ် ၃ ရက်က တိုက်ခိုက်မှုကို ကျူးလွန်တယ်လို့ သံသယရှိလို့ အသက် ၂၂ နှစ် ဟာဆန်ဆာဒါကို ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။ ဟာဆန်က သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးတဦးကို နံရံဘေးကို တွန်းလိုက်ပြီး ပေါင်တွေကို ပွတ်သပ်ကာ နမ်းဖို့ ကြိုးစားခဲ့သလို တခြား အမျိုးသမီးတဦးရဲ့ ရင်သားကို သွားကိုင်ခဲ့တယ်လို့ ဘရာဇီး မီဒီယာက ဖော်ပြပါတယ်။ မော်ရိုကိုအိုလံပစ်ကော်မတီနဲ့ ဟာဆန်ဆီကတော့ တစုံတရာ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း မရှိပါဘူး။ လိုက်ဟဲဗီးဝိတ်တန်းမှာ ပါဝင်ကစားမယ့် လက်ဝှေ့သမားဟာ ပထမဆုံးပြိုင်ပွဲအဖြစ် သြဂုတ် ၆ ရက်မှာ ကစားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဘရာဇီး တရားသူကြီးတွေက ၁၅ ရက် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီအမိန့်ကြောင့် ဟာဆန်ဟာ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up