A d v e r t i s e m e n t With Us

ကူးစက်ရောဂါဖြစ်ပွားနေသည့် နာဂဒေသကို ဆရာဝန်များ သွားရောက်

ဓာတ်ပုံ - Sagaing Regional Information Page
အမျိုးအမည် မသိသေးတဲ့ ကူးစက်ရောဂါဖြစ်ပွားပြီး လူ ၄၀ လောက် သေဆုံးခဲ့ပြီဖြစ်တဲ့ နာဂဒေသကို ဆရာဝန်တွေ သွားရောက်နေပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂအုပ်ချုပ်ခွင့်ရဒေသ ဗဟိုအလုပ်အမှုဆောင် ဦးရိထင်က ဆရာဝန်တွေ လာရောက်မယ့် အခြေအနေကို ခုလို ပြောပါတယ်။ “ဒီနေ့ဆိုရင် လဟယ်က မြို့နယ်ဆရာဝန်နဲ့ တိုင်းက ဆရာဝန် ၂ ဦးပဲ အဲ့ဒီဖြစ်နေတဲ့ရွာကို သွားတာ ရှိပါတယ်။ နောက်ပြီးတော့ နေပြည်တော် ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဆရာ ဒေါက်တာအောင်မိုးကျော် ဦးဆောင်တဲ့ နေပြည်တော်က ဆရာဝန် ၃ ယောက်ပါတယ်၊ ခန္တီးက ဆရာဝန် ၄ ယောက်က ဒီနေ့ လဟယ်ကို ရောက်မှာပါ။ မနက်ဖြန် လဟယ်ကနေပြီးတော့ အဲ့ဒီရောဂါဖြစ်နေတဲ့ ရွာတွေကို သွားကြဖို့ စီစဉ်ထားပါတယ်။” နာဂဒေသမှာ အခုလို ရောဂါမျိုး တခါမှ မဖြစ်ပွားခဲ့ဖူးဘဲ အခုထိ ဘာ့ကြောင့် ဖြစ်ပွားတယ်ဆိုတာကို ဘယ်ဆရာဝန်ကမှ မပြောနိုင်သေးဘူးလို့လည်း ဦးရိထင်က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှ ကျေးရွာ ၅ ရွာမှာ ရောဂါအမျိုးအစားမသိရသေးတဲ့ ကူးစက်ရောဂါ ဖြစ်ပွားပြီး လူဦးရေ ၂၆ ဦး သေဆုံးခဲ့ပါတယ်။ နန်းယွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၄ ရွာမှာ လူဦးရေ ၁၃ ယောက်လည်း သေဆုံးခဲ့ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေ စေလွှတ်မယ်၊ ရောဂါအခြေအနေ ဆက်လက်မဆိုးဝါးစေဖိုနဲ့  သွေးစစ်ချက်အဖြေတွေ အမြန်ဆုံးပြန်လည်ရရှိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ရောဂါ မကူးစက်နိုင်ရန် ရောဂါဖြစ်ပွားနေတဲ့ နာဂဒေသက ခမ္မလားကျေးရွာ၊ ထန်းခေါ်လန်မကျေးရွာနဲ့ ထန်ခေါ်နောက်ကူးကျေးရွာတွေက လူတွေကို အပြင်သွားလာခွင့်ပိတ်ထားပါတယ်။ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ နာဂဒေသက ထန်းခေါ်လန်မကျေးရွာနဲ့ ထန်ခေါ်နောက်ကူးကျေးရွာ ၂ ခုမှာ အမျိုးအမည်မသိ ရောဂါဖြစ်ပွားနေသူ ၂၈၀ လောက် ရှိတယ်လို့ တိုင်းအစိုးရက ခန့်မှန်းထားပါတယ်။ နာဂဒေသအုပ်ချုပ်ရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ဦးရိထင်ကတော့ ဇူလိုင် ၂၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၆၀ လောက် ရှိပြီး အခုတော့ ဒီထက် ထပ်တိုးလာနိုင်စရာအကြောင်း ရှိတယ်လို့ ပြောပါတယ်။ ရောဂါဖြစ်ပွားသူတွေရဲ့ သွေးစစ်ချက်အဖြေရဖို့လည်း လ၀က်ခန့်ကြာမြင့်နိုင်တာမို့ ဒီကြားထဲ ရောဂါဖြစ်ပွားသူဦးရေ တိုးမလာဖို့ အုပ်ချုပ်ရေးအဖွဲ့က မျှော်လင့်နေပါတယ်။ နာဂဒေသမှာ အခုဖြစ်ပွားနေတဲ့ ကူးစက်ရောဂါလက္ခဏာမှာ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်ပြီး မျက်စိတွေနီလာသလို ချောင်းဆိုးပြီး သွေးတွေအန်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရပြန်ကြားရေးက ထုတ်ပြန်တဲ့ သတင်းမှာတော့ လဟယ်မြို့နယ် ထန်ခေါ်နောက်ကုန်း အုပ်စု ထန်ခေါ်လန်မကျေးရွာမှာ ဇွန်လ ၆ ရက်ကစပြီး ဖျားနာခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောစတဲ့ ရောဂါနဲ့ အခြားရောဂါတွေကြောင့် ကလေးငယ်တွေနဲ့လူကြီးတချို့ သေဆုံးလျက်ရှိကြောင်း ဖြော်ပထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up