လာအိုသမ္မတ နေပြည်တော်ရောက် (သတင်းဓာတ်ပုံ)
လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ် နဲ့ ဇနီး မစ္စစ် ခမ်မွမ်းဂ် ဗိုရာချစ်တို့ ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် ၉ နာရီလောက်က နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ နေပြည်တော်လေဆိပ်မှာ ကြိုဆိုခဲ့ကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ - MOI