Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတက်မှုကြောင့် မိုးညိုတွင် စာသင်ကျောင်း ၈၁ ကျောင်း ခေတ္တပိတ်
DVB
·
August 5, 2016
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်လို့ စိုးရိမ်ရေအမှတ်ထက် ၆ ပေ လောက် ကျော်လွန်နေတဲ့အတွက် ကျေးရွာအုပ်စု ၃၀ မှ ကျေးရွာပေါင်း ၁၀၀ ရေကြီးနေပြီး စာသင်ကျောင်း ၈၁ ကျောင်း ခေတ္တပိတ်ထားရပါတယ်။ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက ဆင်မနိုင်တိုက်နယ်အတွင်းရှိ နတ်တလင်းမြို့ကို ဆက်သွယ်ထားတဲ့ ရေအိုးစဉ်ကုန်းနဲ့ တာပွန်ကျေးရွာခြင်းဆက်တာတခု ကျိုးပေါက်ကာ သွားလာရေး ခက်ခဲနေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်ကပြောပါတယ်။ လမ်းတံတားတာဝန်ရှိသူတွေအနေနဲ့ တာရေတိုက်စားတဲ့ နေရာမှာ ဆက်လက်တိုက်စားမှုတွေ မဖြစ်ပေါ်စေဖို့ ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒေသခံတွေ သွားလာဖို့ စက်တပ်လှေ ၃ စီးက အခကြေးငွေယူပြီး ပို့ဆောင်ပေးနေတယ်လို့ ရေအိုးစဉ်ကုန်းမှ စက်တပ်လှေပိုင်ရှင်တဦးက ပြောပါတယ်။ မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၅၂.၆၀ ပေ ဖြစ်ပြီး ဒီနေ့တိုင်းတာချက်အရ (၅၈.၈၅) ပေကို ရောက်ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024