A d v e r t i s e m e n t With Us

မိုးညှင်းတွင် လူငယ်တဦးကို မူးယစ်ဆေးထိုးအပ်နှင့် သေဆုံးလျက် တွေ့ရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လူငယ်  ၁ ဦးကို မူးယစ်ဆေးထိုးအပ်နဲ့အတူ သေဆုံးလျက်တွေ့ရှိလို့ သက်ဆိုင်ရာရဲစခန်းက သေမှုသေခင်းဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။ ဖြစ်စဉ်မှာ သြဂုတ် ၄ ရက် မနက်ပိုင်းက မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် နန့်ရင်းချောင်းကမ်းနံဘေးမှာ လူငယ်တဦးသေဆုံးနေကြောင်း သတင်းရလို့ မိုးညှင်းမြို့မရဲစခန်း တာဝန်ရှိသူတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ သေဆုံးသူဟာ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု မြမာလာရပ်ကွက်နေ မောင်စိုး(ခ)ကျော်စိုးဝင်း ၂၃နှစ် ဖြစ်ပြီး ဝဲဘက်လက်ကောက်ဝတ်မှာ သွေးပေနေတဲ့ ဆေးထိုးအပ်ရာအသစ်တခု၊ ဆေးထိုးအပ်ရာအဟောင်းနဲ့ ဆေးထိုးအပ်တချောင်းတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မိုညှင်းမြို့မရဲစခန်းက သေမှုသေခင်း နဲ့ အမှုဖွင့်ထားပြီး သေဆုံးအလောင်းကို ရဲဆေးစာနဲ့ မိုးညှင်းခရိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကိုငယ် (မော်လူး)

A d v e r t i s e m e n t With Us

More News
Up