တွန်းလှည်းကြား ခေါင်းညပ်သည့် ကလေးငယ်ကို ခက်ခက်ခဲခဲ ကယ်တင် (ရုပ်သံ)

2.1K
တရုတ်နိုင်ငံမှ အသက်တနှစ်မပြည့်သေးတဲ့ ကလေးငယ်တဦးဟာ ကလေးစီး တွန်းလှည်းကြား ခေါင်းညပ်ခဲ့ပြီး ပြန်ထုတ်မရခဲ့လို့ ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရပါတယ်။
တရုတ်နိုင်ငံအနောက်ပိုင်း၊ ချောင်ကျင်းခရိုင်၊ ဖူလင်းဒေသမှ အိမ်ထဲမှာ သူဟာ တဦးတည်း ဆော့ကစားနေချိန် ခုလိုဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ သြဂုတ် ၃ ရက်နေ့က ဖော်ပြပါတယ်။
ဦးခေါင်းညပ်ပြီး ပြန်ထုတ်မရဖြစ်နေတဲ့ ကလေးငယ်ဟာ ဆိုးဆိုးဝါးဝါး အော်ဟစ်ငိုယိုနေခဲ့တာမို့ သူ့မိဘတွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီ တောင်းခဲ့ကြရတာပါ။
အဆိုပါတွန်းလှည်းဟာ သတ္တုကိုယ်ထည်ဖြစ်တာမို့ ကလေးငယ်ရဲ့ ဦးခေါင်းကို အလွယ်တကူ ပြန်ထုတ်မရနိုင်ဘဲ ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မိနစ်ပေါင်းများစွာ ကြာအောင် ဦးခေါင်းညပ်နေတဲ့ သတ္တုဘောင်ကို ကန်ထုတ်ပြီး ပြန့်ကားသွားအောင် ကြိုးစားပြီးခဲ့ချိန်မှာတော့ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။