Live
Home
သုံးသပျခကျြ
မြစ်ဆုံ​ရေကာတာ ခဏရပ်၊​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ ​ကော်​ဇောနီနဲ့​ ဖုံး​လိုက်​တော့
သန်းဝင်းထွဋ်
·
October 7, 2011
မြစ်ဆုံနဲ့​ တရုတ်-မြန်မာ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ ​ရှေ့​အ​ရေး​နဲ့​ ​နောက်အ​ရေး​ ​မေး​စရာ​တွေ များ​လာမယ်။ ဒေါ်လာသန်း​ပေါင်း​ ၃,၆၀၀ တန် မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ဒီအစိုး​ရလက်ထက်မှာ ရပ်ထား​မယ်ဆိုတဲ့​ သမ္မတ ဦး​သိန်း​စိန်ရဲ့​ အချက်ပြသံဟာ တရုတ်နဲ့​ မြန်မာကြား​က နိုင်ငံ​ရေး​အခင်း​အကျင်း​ အ​ပေး​အယူအသစ်ကို ပြတာလား​။ ဒီအစိုး​ရသက်တမ်း​ ၅ နှစ်အတွင်း​မှာ ဒီစီမံကိန်း​ကို ရပ်ထား​မယ်လို့​ သမ္မတ ​ပြောစကား​ဟာ တရုပ်သ​ဘောထား​နဲ့​ တရုတ်နိုင်ငံရဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ကို ဆန့်​ကျင်​နေတယ်။ နအဖလက်ထက်က တရုတ် မဟာမိတ်ဆက် ဆံ​ရေး​မျိုး​က​နေ တခုခု ​သွေဖည်လာပုံ​ပေါက်ပါတယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေမထွက်​သေး​ပါဘူး​။ “မိမိတို့​အစိုး​ရလက်ထက်”ဆိုတဲ့​ ၅ နှစ်တာသက်တမ်း​အတွင်း​ မြစ်ဆုံက လက်ရှိလုပ်​နေတဲ့​ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ ရပ်ထား​ဖို့​ တရုတ်နဲ့​ ဘယ်လိုဆက်ညှိမလဲ။ မြစ်ဆုံ​ရေကာတာကို ခဏရပ်ထား​မယ်ဆိုပြီး​ ​ပေါက်ကွဲ​တော့​မယ့်​ ဗုံး​တလုံး​ကို ​ကော်​ဇောနဲ့​ အုပ်လိုက်တယ်။ အန္တရာယ် တကယ်ပဲ မရှိ​တော့​ဘူး​တဲ့​လား​။ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီမှာ ကာကွယ်​ပေး​မယ့်​ တရုတ်ရဲ့​ဗီတိုကို သိပ်အ​ရေး​တကြီး​ မလို​တော့​ဘူး​၊​ ဗီတို​ဈေး​ကျ​နေပြီလို့​ ဆုံး​ဖြတ်တာဖြစ်​နေသလား​။ အ​မေရိကန်ဘက်က အရိပ်အခြည်ကို ကြည့်​ပြီး​ တရုတ်ကိုအာခံဖို့​ အား​စမ်း​တာလည်း​ ဖြစ်​ကောင်း​ဖြစ်​နေမလား​။ ဧရာဝတီ မြစ်ဆုံကိစ္စ လူထုကြား​မှာ လှုပ်ရှား​မှု​တွေ ထိန်း​မနိုင်သိမ်း​မရ ဖြစ်လာမှာထက် တရုတ်ဆီက နဂါး​မျက်​စောင်း​ကိုပဲ ရင်ဆိုင်လိုက်​တော့​မယ်လို့​ ​ရွေး​ချယ်လိုက်ရတာမျိုး​ လည်း​ ဖြစ်နိုင်လား​။ ဆက်ဆံ​ရေး​သစ်နဲ့​ အကဲစမ်း​နေတဲ့​ အ​မေရိကန်​ကောင်း​ဘွိုင်​တွေက အကာအကွယ် ​ပေး​နိုင်​လောက်​နေပြီလား​။ ​မေး​စရာ​တွေ ရှိမယ်။ အ​ပြောင်း​အလဲကို လိုလား​တယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​ ​ဒေါ်​အောင်ဆန်း​စုကြည် မှတ်ချက်​ပေး​ထား​တဲ့​ သမ္မတသစ်ရဲ့​ အစိုး​ရသစ်အ​နေနဲ့​ ပြည်သူလူထု ​ထောက်ခံမဲပိုရ ​အောင် ဒီလိုဆုံး​ဖြတ်တာ​ရော ဖြစ်နိုင်လား​။ ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ရဲ့​ တရုပ်ပြည်သွား​တောလား​မှာ ငိုချင်း​သံ ကြား​ရ မလား​၊​ ​ချော့​မော့​ဖျောင်း​ဖျ ​ချွေး​သိပ်ရမလား​။ ရင်ထဲအသည်း​ထဲက အပြန်အလှန် ယုံကြည်ခဲ့​တာမဟုတ်တဲ့​ ​ခေါင်း​ကိုင်အဖ သ​ဘောကျပါ့​မလား​။ မြစ်ဆုံပ​ရောဂျက်အစား​ တခြား​ အဖိုး​ထိုက်တဲ့​ အရာတခုခု အစား​ထိုး​ အ​လျော်ပြန်​ပေး​ရ​လေမလား​။ လွှတ်​တော်မှာ​ကြေညာခဲ့​တဲ့​ သမ္မတဦး​သိန်း​စိန်ရဲ့​ မြစ်ဆုံကိစ္စ အချက်ပြသံကို တရုတ်က ချက်ချင်း​တုံ့​ပြန်ခဲ့​ရတယ်။ ​နောက်တရက်မှာပဲ ''တရုတ်ကုမ္ပဏီ​တွေရဲ့​ တရား​ဝင်အခွင့်​အ​ရေး​ကို အာမခံသင့်​တဲ့​အ​ကြောင်း​၊​ မြစ်ဆုံဆည်ဟာ တရုတ်-မြန်မာအကြား​ ပူး​တွဲ​ဆောင်ရွက်ခဲ့​တဲ့​ စီမံကိန်း​ နှစ်နိုင်ငံ ဆက်လက်​လေ့​လာ ဆုံး​ဖြတ်သင့်​” ဆိုတာ​တွေ ​ပြောရတယ်။ ''နှစ်ဖက်စလုံး​က ခင်မင်း​ရင်း​နှီး​စွာ အကြံပြုပြီး​တော့​ ဒီလုပ်ငန်း​ကိစ္စ​တွေကို သင့်​တော်သလို ​ဆောင်ရွက်ရ​အောင်” ဆိုတာ​တွေ နိုင်ငံခြား​ရေး​ဌာနက ထွက်​ပြောလာရတယ်။ တရုတ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရ ​ဟောင်လီ ​အောက်တိုဘာလ ၁ ရက်​နေ့​ စ​နေ​နေ့​ ပိတ်ရက် ရုံး​တက်လိုက်ရတယ်။ လစ်ဗျား​မှာလည်း​ ပြီး​ခဲ့​တဲ့​လကပဲ မြန်မာပြည်မှာလို ကြုံခဲ့​တယ်။ တရုတ်စီး​ပွား​ရေး​ ​ဒေါ်လာဘီလီယံ ၂၀ ​လောက် ရင်း​နှီး​မြှုပ်နှံထား​တဲ့​ လစ်ဗျား​အ​ရေး​မှာ တရုတ်ဟာ နာမည်ပျက် သိက္ခာကျခဲ့​တယ်။ တရုတ်ဟာ ကဒါဖီပြုတ်မကျခင်​လေး​တင် ဇူလိုင်လက လက်နက် ​ဒေါ်လာ သန်း​ ၂၀၀ ဖိုး​ ​ရောင်း​ခဲ့​တယ်။ လုံခြုံ​ရေး​ကောင်စီက တား​မြစ်ထား​တဲ့​ လက်နက်​ရောင်း​ဝယ်မှု ကန့်​သတ်တဲ့​ ဆုံး​ဖြတ်ချက်ကိုလည်း​ ဂရုမစိုက်​တော့​ဘူး​။ ဒါ​ပေမယ့်​ အပြစ်မဲ့​အရပ်သား​တွေကို ကဒါဖီ တိုက်​လေယဉ်နဲ့​ ဗုံး​ကျဲလို့​ ‘​နေတိုး​’ ဝင်ရ​တော့​မယ့်​ အ​ခြေအ​နေမှာ​တော့​ တရုတ်ဟာ သိပ်နာမည်ပျက်ခံပြီး​ ‘ဗီတို’မသုံး​တော့​ဘူး​။ ဒါ​ပေမယ့်​ ​နေတိုး​တပ်​တွေ ဗုံး​ကြဲ​တော့​လည်း​ အပြစ်တင်စကား​ ​ပြောပြန်တယ်။ လစ်ဗျား​သူပုန်​တွေကို မ​ထောက်ခံလို့​ အမျိုး​သား​ အသွင်ကူး​ပြောင်း​ရေး​ ​ကောင်စီက တရုတ်ရင်း​နှီး​မြှုပ်နှံမှု စီး​ပွား​ရေး​ကို ခြိမ်း​ခြောက်ခံခဲ့​ရ​သေး​တယ်။ နောက်ဆုံး​ ကဒါဖီ ပြုတ်ကျ ထွက်​ပြေး​ရ​တော့​မှပဲ တရုတ်က သူပုန်​တွေကို ​ထောက်ခံ၊​ သံခင်း​တမန်ခင်း​ပြန်စဖို့​ ​လေသံပစ်ခဲ့​ရတယ်။ သူ့​ရင်း​နှီး​မြှုပ်နှံမှု​တွေ၊​ အကျိုး​စီး​ပွား​တွေ၊​ သ​ဘောတူစာချုပ်​တွေကို ​နောက်အစိုး​ရ အသိအမှတ်ပြုဖို့​ လုံး​ပန်း​ခဲ့​ရတယ်။ ​ဒေါ်လာ ဘီလီယံ ၂၀။ ဒါအ​ရေး​ကြီး​တယ်။ မိတ်​ဟောင်း​ကြီး​ ကဒါဖီလား​၊​ ​မေ့​ထား​လိုက်​တော့​။ No country for old men! ဖေ​ဖော်ဝါရီလတုန်း​ကလည်း​ အီဂျစ်အာဏာရှင် မူဘာရက် ပြုတ်ကျခဲ့​တဲ့​ မတိုင်ခင်ထိ ဆန္ဒပြ ပြည်သူလူထုကို ဆူပူရမ်း​ကား​သူ​တွေလို့​ တရုတ်မီဒီယာ​တွေက သုံး​ခဲ့​တယ်။ အီဂျစ်သတင်း​တွေ ​ပေါ်မလာ​အောင် တရုတ်အင်တာနက်ရဲသား​တွေ ပိုက်စိပ်တိုက် လုံခြုံ​ရေး​အထပ်ထပ် ယူရ။ ပိတ်ရဆို့​ရ။ မူဘာရက်လွန်​ခေတ်​ရောက်​တော့​လည်း​ တရုတ်စီး​ပွား​ရေး​က ​နောက်အစိုး​ရနဲ့​ ဆက်လုပ်ဖို့​ ​ပေါင်း​သင်း​ဖို့​ ကြိုး​စား​ခဲ့​ရတာပဲ။ အာဏာရှင်​တွေနဲ့​ ပုလင်း​တူဘူး​ဆို့​ လုပ်​နေတဲ့​ တရုတ်ဟာ ဆန်စဉ်ရာ ကျည်​ပွေ့​လိုက် နိုင်ငံ​ရေး​ပေါ်လစီမျိုး​ လုပ်ရပုံ ​ပေါက်​နေတယ်။ စီး​ပွား​ရေး​နဲ့​ အကျိုး​အမြတ်ပဲ အဓိကထား​ ဦး​စား​ပေး​ကြတဲ့​ တရုတ်အစိုး​ရဟာ ကမ္ဘာ့​အဆိုး​ရွား​ဆုံး​ အာဏာရှင်​တွေဘက်က ဘက်လိုက်ရပ်တည်တဲ့​ မူ​တွေ၊​ ဆက်ဆံ​ရေး​ ​တွေ ထား​ခဲ့​ကြတာ​တွေ အား​လုံး​တွေ့​ခဲ့​ကြရတယ်။ အကျိုး​စီး​ပွား​အတွက်ဆိုရင် ဆာဘီး​ယား​က အာဏာရှင် စလိုဘိုဒန် မီလိုဆီဗစ်ကို သူ့​ရဲ့​အာဏာ​နောက်ဆုံး​ချိန်ထိ ​ထောက်ခံခဲ့​တယ်။ ကမ္ဘာက ပြစ်တင်​ဝေဖန်​နေတဲ့​ကြား​က ဇင်ဘာ​ဘွေသမတ အာဏာရှင် ​ရောဘတ်မူဂါဘီကို ဘီဂျင်း​ဆီ ဖိတ်​ခေါ်ဧည့်​ခံခဲ့​တယ်။ ဗင်နီဇွဲလား​အာဏာရှင် ဟူဂို ရှာဗက်ဇ်နဲ့​ ပလဲနံသင့်​ ​ပေါင်း​ခဲ့​တယ်။ ကမ္ဘာ့​ဆွဲငင်အား​ရဲ့​ ဗဟိုချက်ဟာ တရုတ်ပြည်ကို ​ရောက်လာ​နေပြီလို့​ ဟူဂိုရှာဗက်ကလည်း​ တရုတ် ​ပေါလစ်ဗျူရို​တွေကို ​မြှောက်​ပြော ခဲ့​တယ်။ ​လော​လောဆယ်​တော့​ သူတို့​ အပြန်အလှန် ကျီး​ဖြစ်လိုက် ဘုတ်ဖြစ်လိုက်။ ဒီနှစ်အတွင်း​ အ​ရှေ့​အလယ်ပိုင်း​က အာရပ်​တော်လှန်​ရေး​တွေ​ကြောင့်​ အာဏာရှင်​တွေ အပြိုင်း​အရိုင်း​ ပြုတ်ကျလာတဲ့​အခါ တရုတ်ရဲ့​မူဝါဒ အကျပ်အတည်း​ပိုများ​လာတယ်။ တရုတ်ဟာ သူ့​အမျိုး​သား​ကျိုး​စီး​ပွား​ကိုပဲ ဦး​စား​ပေး​တယ်၊​ အာဏာရှင်​တွေဘက်က လိုက်ခဲ့​တယ် ဆို​ပေမယ့်​ နိုင်ငံတကာက ပြစ်တင်ရှုတ်ချသံ​တွေ ပလူပျံလာတဲ့​အခါ လုံခြုံ​ရေး​ကောင်စီ ဆုံး​ဖြတ်ချက်​တွေမှာ ကာကွယ်မဲမ​ပေး​တော့​ဘဲ လက်​ရှောင်ခဲ့​ရတာ​တွေလည်း​ ရှိခဲ့​တယ်။ ဆူဒန်မှာဖြစ်ခဲ့​။ လစ်ဗျား​မှာဖြစ်ခဲ့​တယ်။ တချိန်တည်း​မှာပဲ တရုတ်ရဲ့​ တပါတီအာဏာရှင်စနစ်ဟာ အ​နောက်​မော်ဒယ် စီး​ပွား​ရေး​ပုံစံ အရ အကျိုး​ဖြစ်ထွန်း​နေမယ့်​ အ​နောက်ရဲ့​မော်ဒယ် လစ်ဘရယ်ဒီမိုက​ရေစီစနစ်ရဲ့​ ခြိမ်း​ခြောက်မှုကိုလည်း​ ရင်ဆိုင်​နေရတယ်။ အင်တာနက်နည်း​ပညာရဲ့​လွတ်လပ်မှုဟာ ထိန်း​ရ ပိုပိုပြီး​ခက်လာတယ်။ ပိုက်ဆံရှိလာတဲ့​ တရုတ်အလယ်လတ်တန်း​စား​ အလွှာ​တွေ က လစ်ဘရယ်ဒီမိုက​ရေစီဆန်တဲ့​ လွတ်လပ်ခွင့်​ကို ပိုပြီး​လိုချင်လာနိုင်တယ်။ ဒါ​ကြောင့်​ အာဏာရှင်​တွေနဲ့​ မဟာမိတ်သ​ဘော ဆက်ဆံ​ရေး​ ချိန်ခွင်လျှာလည်း​ ညှိချင်၊​ အ​မေရိကန် ဩဇာကို ခုခံ​ချေပ အ​လေး​အ​ပေါ့​ အကွက်​ရွှေ့​ချင်ပုံပြတယ်။ တရုတ်ဟာ အထီး​ကျန် ပိတ်ဆို့​ခံ အာဏာရှင်​တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ နပ်တယ်။ လစ်ဘရယ်ဒီမိုက​ရေစီသမား​တွေရဲ့​ ​ချောင်ပိတ်ခံထား​ရတဲ့​ အာဏာရှင်​တွေက လည်း​ သူ့​အ​ပေါ် ပိုပြီး​မှီခိုလာရတယ်။ ဒါ​ပေမယ့်​ အာဏာရှင်နိုင်ငံ​တွေနဲ့​ ဆက်ဆံ​ရေး​အား​ လုံး​မှာ အကျိုး​အမြတ်ရတယ်လို့​တော့​ မဟုတ်ဘူး​။ အကျင့်​ပျက်ခြစား​မှု ဗရမ်း​ဗတာဖြစ်​နေ တဲ့​ အာဏာရှင်နိုင်ငံ​တွေ၊​ အချိန်မ​ရွေး​ ဇာတ်တူသား​စား​ဖို့​ ဝန်မ​လေး​သူ​တွေနဲ့​ ဆက်ဆံ​ရေး​ ဟာ မီး​နဲ့​ကစား​နေရသလိုပဲ။ သူလလည်း​ မနိုင်​တော့​တဲ့​၊​ တခုမဟုတ်တခု အမြဲတမ်း​ ပြဿနာရှာ​နေတဲ့​ ​မြောက်ကိုရီး​ယား​လို အာဏာရှင်​တွေလည်း​ ရှိတယ်။ ခြောက်ပွင့်​ဆိုင် ​ဆွေး​နွေး​ပွဲ​တွေမှာ တရုတ်ကို အရှက်ရ​စေခဲ့​တာလည်း​ မနည်း​တော့​ဘူး​။ တဖက်မှာလည်း​ တရုတ်ဟာ အနီး​ကပ် တပါတီအာဏာရှင်​တွေနဲ့​ သိပ်အဆင်​ပြေတာ မဟုတ်ဘူး​။ သူ့​လိုပဲ တလက်ကိုင်အစိုး​ရ အကျိုး​အမြတ်ပဓါနထား​တဲ့​ ရုရှား​ဟာ အကျိုး​စီး​ပွား​အရာမှာ သူ့​ပြိုင်ဘက်လို ဖြစ်လာတယ်။ သူ့​လိုပဲ တပါတီကွန်မြူနစ် ဗီယက်နမ် နဲ့​ မတည့်​ဘူး​။ ​တောင်တရုပ်ပင်လယ်ကိစ္စ အငြင်း​ပွား​နေရတယ်။ ရုရှား​ကလည်း​ ဂျက်တိုက်​လေယဉ်​တွေ၊​ ​ရေငုပ်သ​င်္ဘော​တွေ ဗီယက်နမ်ဆီကို ​ရောင်း​ပေး​ထား​တယ်။ ဗီယက်နမ်ကလည်း​ အချိန်မ​ရွေး​ စစ်ပြင်လာဖို့​ အရိပ်ပြတယ်။ ကွန်မြူနစ်အစိုး​ရဟာ တရုတ်သံရုံး​ရှေ့​မှာ လူထုဆန္ဒပြပွဲ လုပ်ခိုင်း​ထား​တယ်။ လူထုကြား​မှာလည်း​ တရုတ်မုန်း​တီး​ ​ရေး​ ပွား​များ​လာတယ်။ ဗီယက်နမ် အိမ်နီး​ချင်း​ ဝါဒတူနိုင်ငံနဲ့​ အဲဒီလိုဖြစ်​နေ​ပေမယ့်​ အာဏာရှင်စနစ်က​နေ ​ပြောင်း​လာတဲ့​ ​ပေါ်ထွန်း​စ ဒီမိုက​ရေစီနိုင်ငံ​တွေနဲ့​လည်း​ အဆင်​ပြေ ​နေတာ​တွေ ရှိတယ်။ ဥပမာ၊​ အင်ဒိုနီး​ရှား​။ သူတို့​ချင်း​ အပြန်အလှန် လိုချင်​နေကြတယ်။ တရုတ်အစိုး​ရဟာ လက်​တွေ့​နိုင်ငံ​ရေး​ realpolitik ကိုပဲ ကြည့်​တဲ့​သူ​တွေလို့​ အများ​က ယူဆခဲ့​ကြတယ်။ အာဏာရှင်​တွေကို တရုတ်​တွေ သတိထား​ဆက်ဆံခဲ့​ကြ​ပေမယ့်​ ဆိုး​ကျိုး​တွေပါ ရင်ဆိုင်လာ​နေရတယ်။ ​မော်စီတုန်း​ခေတ်​နောက်ပိုင်း​ တရုတ်​ပေါ်လစီဟာ အမျိုး​သား​အကျိုး​စီး​ပွား​ကို ပိုပြီး​ကြည့်​လာတယ်။ ပိုက်ဆံရမယ်တရုတ် ​ရေနံရမယ်၊​ ​လောင်စာရမယ်ဆိုရင် ဘယ်​နေရာ ဘယ်နိုင်ငံဖြစ်ဖြစ်၊​ ဘယ်ပြည်သူ ဘယ်​လောက်နာနာ စာချုပ်​တွေချုပ်တယ်။ ကျင့်​ဝတ်​တွေ၊​ အိုင်ဒီ​ယော်​လော်ဂျီ​တွေ၊​ အယူဝါဒါ​တွေကို ​ဇောင်း​မ​ပေး​ဘူး​။ အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​လေ​ကြောင်း​ တိုက်ခတ်လာတဲ့​ ​နောက်မှာ​တော့​ တရုတ်ဟာ ​ရှေ့​လျှောက် ပိုပြီး​ မီး​စင်ကြည့်​က၊​ နိုင်ငံ​ရေး​ကစား​ကွက်ကို ထိန်း​ညှိဖို့​ လိုလာနိုင်တယ်။ ပိုက်ဆံချမ်း​သာပြီး​ရင် ဂုဏ်သိက္ခာလည်း​ချမ်း​သာဖို့​ စဉ်း​စား​ရ ​တော့​မယ်။ အာရပ်ကမ္ဘာက အ​ပြောင်း​အလဲ​တွေ ​နောက်ပိုင်း​မှာ အာဏာရှင်​တွေနဲ့​ တရုတ်ရဲ့​ဆက်ဆံ ​ရေး​ မူဝါဒ​တွေ ​ပြောင်း​လဲသင့်​ပြီလား​။ “သတိကြီး​ကြီး​နဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ ​နေတယ်၊​ တဖြည်း​ဖြည်း​ ​ပြောင်း​ပါ့​မယ်”ဆိုတဲ့​ မြန်မာအစိုး​ရသစ်ဟာလည်း​ အရင် ‘နအဖ’ လက်ထက်က ​ကောင်း​မွေဆိုး​မွေခံရတယ်လို့​ ​ပြောထား​တယ်။ ‘နအဖ’လက်ထက်က တရုတ်နဲ့​ သ​ဘောတူညီချက်​တွေ၊​ စာချုပ်စာတမ်း​တွေ၊​ MOU (နား​လည်မှုစာချွန်လွှာ) ​တွေ အ​ပေါ် ​နောက်လာမယ့်​ အစိုး​ရသစ်​တွေက ဘယ်လိုကိုင်တွယ် ​ပေါ်လစီထား​မလဲ။ ပြည်တွင်း​မှာလည်း​ တရုတ်ဆန့်​ကျင်​ရေး​စိတ်​တွေ ပိုပြိုပီး​ ထကြွလာ​နေတာ မြင်​နေကြရတဲ့​ ​နောက် ​ရှေ့​လျှောက် တရုတ်နဲ့​ စီး​ပွား​ရေး​ သား​ပေး​သမီး​ယူ​တွေမှာ ဘယ်လိုဆက်ဆံသင့်​ ပြီလဲ ... ​မေး​ခွန်း​ထုတ်စရာ​တွေ ရှိလာပါမယ်။ မြစ်ဆုံကိစ္စ ဒီသမ္မတလက်ထက်၊​ ဒီအစိုး​ရလက်ထက် ရပ်ထား​ရုံနဲ့​ အ​ဖြေ မထွက်​သေး​ပါ ဘူး​။ ​နောက်ထပ် ​မေး​စရာ ​မေး​ခွန်း​တွေ ပိုပြီး​ထွက်လာတယ်လို့​တောင် ဆိုနိုင်တယ်။ ref: the Diplomat magazine

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024