A d v e r t i s e m e n t With Us

နိုင်ငံတကာ ချန်ပီယံဖလားတွင် ခြေစွမ်းပြပြီး အေစီမီလန်ကို အနိုင်ယူသည့် ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

နိုင်ငံတကာ ချန်ပီယံဖလားပွဲအဖြစ် ချဲလ်ဆီးနဲ့ အေစီမီလန်တို့ သြဂုတ် ၄ ရက် မနက်အစောပိုင်းက အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ဒီယေဂိုကော်စတာ၊ ဖာဘရီဂတ်စ်၊ ၀ီလျံ၊ တယ်ရီ၊ ကာဟေး၊ မာတစ် စတဲ့ အဓိကကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြကာ အဖွင့်ဂိုးကိုတော့ ချဲလ်ဆီးက ရခဲ့တာဖြစ်ပြီး ပွဲချိန် ၂၄ မိနစ်မှာ ထရာအိုရီက သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၃၈ မိနစ်မှာ အေစီမီလန်အတွက် ဘိုနာဗန်တူရာက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ချေပခဲ့လို့ ပထမပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အေစီမီလန် ထိုးဖောက်ကန်သွင်းခွင့်တွေရခဲ့သလို ချဲလ်ဆီးကလည်း အပြန်အလှန် ကစားနိုင်ခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ အော်စကာက ပယ်နယ်တီမှတဆင့် ချဲလ်ဆီးအတွက် ဒုတိယဂိုးနဲ့ ၈၇ မိနစ်မှာ အော်စကာကပဲ တတိယဂိုးသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up