A d v e r t i s e m e n t With Us

အင်္ဂပူမြို့နယ်တွင်းက ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်

ဧရာဝတီမြစ်ရေနဲ့ ငဝန်မြစ်ရေ ဆက်တိုက်တက်နေပြီး အင်္ဂပူမြို့နယ်တွင်းက ကျေးရွာ ၂၀ ကျော်မှာ ရေကြီးရေလျှံတာတွေနဲ့ ကမ်းပါးပြိုမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သြဂုတ်လ ၃ ရက်နေ့က စတင်ပြီး နေအိမ်တွေ ပြောင်းရွှေ့နေရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသတွင်းက ရွှေသောင်း၊ ဂွေးတောက်ချောင်း၊ နံကပ်ကြီး၊ ဘုရားကျွန်း စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ ရာနဲ့ချီပြီး ရေကြီးနစ်မြှုပ်မှုဒဏ် နဲ့ မြေပြိုမှုကို အဆိုးရွားဆုံး ခံနေကြရတာပါ။ အင်္ဂပူမြို့နယ်ဟာ ငဝန်မြစ်နဲ့ ဧရာဝတီမြစ်တို့ ဆုံတဲ့ဒေသမှာ တည်ရှိပြီး နှစ်စဉ်မြစ်ရေတက်ချိန်မှာ ရေကြီးနှစ်မြှုပ်ခံရတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။ ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေကို ဟင်္သာတခရိုင်အတွင်းက စေသနာရှင်တွေစုပေါင်းပြီ အဲဒေသကို တပိုင်တနိုင်ကူညီတာတွေစတင်နေပြီး ရေကြီးနစ်မြုပ်ချိန် ကြာလာရင် နေရာ စားစရာ၊ သောက်သုံးရေနဲ့ ဆေးဝါး စတဲ့ အကူအညီတွေ လိုမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - ဟသာင်္ခရိုင် ရေဘေးကယ်ဆယ်ရေးအဖွဲ့

A d v e r t i s e m e n t With Us

More News
Up