A d v e r t i s e m e n t With Us

အမ်းမရိတ်လေယာဉ် ဒူဘိုင်းလေဆိပ် ဆင်းသက်စဉ် မီးလောင် (ရုပ်သံ)

အမ်းမရိတ်လေကြောင်းပိုင် လေယာဉ်တစီးဟာ ဒူဘိုင်းလေဆိပ်ဆီဆင်းသက်ခဲ့ချိန်မှာ မီးလောင်ကျွမ်းခဲ့တယ်လို့ သည်ဂါးဒီးယန်းသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဘိုးအင်း-၇၇၇ အမျိုးအစားလေယာဉ်ဟာ အိန္ဒိယနိုင်ငံ၊ သီရူဗန်နန်သာပူရန်မြို့၊ ထရီဗန်ဒရန် လေဆိပ်ကနေ ဒူဘိုင်းလေဆိပ်ဆီ ပျံသန်းချိန်မှာ အရေးပေါ် ဆင်းသက်ခဲ့ ရတာပါ။ သြဂုတ်လ ၃ ရက်နေ့၊ ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်မှာ ဒူဘိုင်းအပြည် ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ခဲ့တာလို့ အမ်းမရိတ်လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့နေရာမှ ပုံတွေထဲမှာတော့ မီးလောင်ကျွမ်းနေတဲ့ လေယာဉ် ထိပ်ပိုင်းမှ မီးခိုးလုံးမဲမဲတွေကို တွေ့ရပြီး လူမှုကွန်ရက်မီဒီယာတွေမှတဆင့် မျှဝေခဲ့ကြ တာပါ။ ဒူဘိုင်းအစိုးရ ပြန်ကြားရေးရုံးကတော့ လေယာဉ်ပေါ်ပါ ခရီးသည်အားလုံးကို ဘေးကင်းတဲ့နေရာတွေဆီ ပို့ဆောင်ထားနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေမရှိဘူး လို့ တရားဝင်တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၈ ဦးနဲ့ ခရီးသည် ၂၈၂ ဦးပါ ၀င်တယ် လို့ အမ်းမရိတ်လေကြောင်းလိုင်းက အတည်ပြုပြောပါတယ်။ သူတို့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ အသေးစိတ်အချက်အလက် တွေကို အကြောင်းပြန်ပေးသွားမှာဖြစ်တယ်လို့ အမ်းမရိတ်လေကြောင်းလိုင်း တာဝန်ရှိ သူတွေက ဆိုပါတယ်။ ဘိုးအင်းအမျိုးအစားလေယာဉ်တွေဟာ လေကြောင်းခရီးစဉ်ပြေးဆွဲမှုဟာ စိတ်အ ချရဆုံးဖြစ်ပြီး ခုမီးလောင်ခဲ့တဲ့ လေယာဉ်ကတော့ အသုံးပြုတာ ၁၃ နှစ်ကြာခဲ့ပြီလို့ ဖ လိုက်တ်ရေဒါ-၂၄ အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒူဘိုင်းလေဆိပ်တွင်း လေကြောင်းခရီးစဉ်တွေကို ခေတ္တရပ်ဆိုင်း ထားခဲ့ရတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up