A d v e r t i s e m e n t With Us

ရေဘေးဒုက္ခသည်များ အရေးပေါ်ဖုန်းဆက်အကူအညီတောင်းခံနိုင်

မြန်မာပြည်ဒေသအနှံ့က ရေကြီးသဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေအနေနဲ့ အရေးပေါ် ဆက်သွယ်အကူအညီတောင်းခံနိုင်ဖို့ အစိုးရက တယ်လီဖုန်းလိုင်း ၂ လိုင်းကို ၂၄ နာရီ ဖွင့်လှစ် ဆောင်ရွက်ပေးနေပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  နေပြည်တော်ရုံးချုပ်ကို ဆက်သွယ် အကူအညီတောင်းရမှာဖြစ်ပြီး  ဖုန်းနံပါတ်တွေကတော့ ဝ၆၇-၄ဝ၄-၆၆၆ နဲ့ ဝ၆၇-၄ဝ၄-၇၇၇ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေအနေနဲ့ လိုအပ်တဲ့  ကူညီကယ်ဆယ်ရေးပစ္စည်းတွေ၊ အစာနဲ့ရေတွေ အကူအညီတောင်းခံနိုင်သလို သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊  အမျိုးသမီးတွေ၊  မသန်စွမ်းတွေအတွက်လည်း လိုအပ်တဲ့ အကူညီတောင်းခံနိုင်တယ်လို့ လူကယ်ပြန်ဌာန ရုံးချုပ်က ဒီဗွီဘီကိုပြောပါတယ်။ ဒီကနေ့ မကွေး၊ စစ်ကိုင်း၊  ပဲခူးစတဲ့ ရေဘေးသင့်ဒေသက လူတွေက အစားအစာ၊ ဆေးဝါးနဲ့၊ ရေသန့်တွေ ဖုန်းဆက်အကူအညီတောင်းခံလာပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ အစိုးရဌာနတွေနဲ့ ဆက်သွယ်ချိတ်ဆက် အကူအညီပေးနေတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up