Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ပိတ်လှောင်ခံ မြန်မာ ၆၂ ဦးကို ကယ်ထုတ်
DVB
·
August 3, 2016
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ  အိမ်ဟောင်းတလုံးတွင်း ပိတ်လှောင်ခံထားရတဲ့ မြန်မာနိုင်ငံသား ၆၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ကယ်ထုတ်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနေရာကနေ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး ၂ ဦးရဲ့ အကူအညီတောင်းချက်အရ မြို့နယ်အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ တာဝန်ရှိသူတွေဟာ သြဂုတ် ၂ ရက်နေ့ နေ့လယ် ၁၂ နာရီက ဆဒေါင်းမြို့နယ် ဗာဒန်ဘေဇာအုပ်စု ခုတ်ဆုမ့်အိုးရွာရှိ အိမ်ဟောင်းတလုံးကို သွားရောက်စစ်ဆေးပြီး ကယ်ထုတ်ခဲ့တာလို့  အမှတ် ၆ စစ်တိုင်းဒေသ ဗျူဟာမှူး ဗိုလ်မှူးကြီး နရုန်းထေ့စ်ဝိဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် တဦးကို ကျပ် ၂ သိန်း ပွဲစားခပေးခဲ့ရကြောင်း၊ ပွဲစားက မဲဆောက်ဘက်ကနေတချို့၊ ရနောင်းဘက်ကနေတချို့ သွားခေါ်လာပြီး ဒီရောက်တော့  အိမ်ဟောင်းတလုံးထဲ လာပစ်ထားကြောင်း၊ မလေးရှားကို ဆက်ပို့ပေးဖို့သူ လာကြိုလိမ့်မယ်လို့ ပြောသွားပေမယ့် ၅ ရက်ကြာတဲ့တိုင် လာကြိုမယ့်သူ မရှိဘူးလို့ ကယ်ထုတ်ခံရသူတွေက ပြောပါတယ်။ ကယ်ထုတ်ခဲ့တဲ့ သူတွေထဲမှာ အသက် ၂၀ မှ ၄၀ ကြားရှိ  အမျိုးသမီး ၁၁ ဦး၊ အသက် ၂၀ မှ ၅၀ ကြားရှိ အမျိုးသား ၅၁ ဦးတို့ ပါဝင်ကာ ပတ်စ်ပို့ရှိသူ ၆ ဦးသာရှိတဲ့အတွက် လ၀က ဥပဒေအရအရေးယူဖို့ ဗာဒန်ဘေဇာရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  ဗျူဟာမှူးက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024