A d v e r t i s e m e n t With Us

ဆူဇူကီးဖလားတွင် မြန်မာအသင်း မလေးရှား၊ ဗီယက်နမ်တို့နှင့် တအုပ်စုတည်းကျ

၂၀၁၆ အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုတွေကို ရန်ကုန်မြို့ ပြည်လမ်း နိုဗိုတယ်ဟိုတယ်မှာ သြဂုတ် ၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ခ မှာ မလေးရှား၊ ဗီယက်နမ်၊ ခြေစစ်ပွဲအောင်တဲ့ အသင်းတွေနဲ့ အတူ ကျရောက်ပါတယ်။ အုပ်စု က မှာတော့ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ တအုပ်စုတည်း ကျရောက်နေတာပါ။ အုပ်စု ခ ပွဲစဉ်တွေကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပပုံအတိုင်းပဲ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနည်းပြ ဦးကြည်လွင်က လေ့ကျင့်ပြင်ဆင်မှုတွေ စလုပ်နေပြီး သေသေချာချာ ပြင်ဆင်ယှဉ်ပြိုင်မယ်လို့ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up