A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ဘောလုံးသမား အပြောင်းအရွှေ့ ပေါင် ၄၇၅ သန်း သုံးစွဲထား

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဘောလုံးသမား အပြောင်းအရွှေ့ဈေးကွက်ဖွင့်တဲ့ ပထမတလအတွင်းမှာ ပေါင် ၄၇၅ သန်းအထိ သုံးစွဲခဲ့တယ်လို့ စီးပွားရေးအရ လေ့လာနေတဲ့ Deloitte က ပြောပါတယ်။ အခုသုံးစွဲတဲ့ နှုန်းထားကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပထမ ၁ လအတွင်းသုံးတဲ့ ပေါင် ၅၁၅ သန်းနဲ့ နှိုင်းယှဉ်ထားတာပါ။ ၂၀၁၅ တနှစ်လုံးမှာတော့ အပြောင်းအရွှေ့အတွက် ပေါင်သန်း ၈၇၀ အထိ သုံးစွဲထားပါတယ်။ အခုစာရင်းဟာ အပြောင်းအရွှေ့ဖွင့်တဲ့ ဇူလိုင် ၁ ရက်ကနေ ဇူလိုင်လကုန်အတွင်းကို သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ပိတ်တဲ့ မတိုင်မီအထိ သုံးစွဲတဲ့ ငွေကြေးဟာ ပေါင် ၁ ဘီလီယံလောက်အထိ ရောက်လိမ့်မယ်ဆိုပြီး Deloitte က ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up