A d v e r t i s e m e n t With Us

မီးလောင်အခန်းတွင်းမှ ၅ နှစ်သားကလေးငယ်ကို စွန့်စားကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂွီကျိုးခရိုင်ထဲမှာ အဆောက်အဦတလုံး မီးလောင်ပြီး ၅ နှစ်အရွယ် ကလေးငယ်တဦးဟာ ပိတ်မိနေခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက စွန့်စွန့်စားစား ကယ်တင်ခဲ့ကြရပါတယ်။ ဇူလိုင် ၂၉ ရက်နေ့က ကိုင်လီမြို့၊ လူနေအိမ်ရာ အဆောက်အဦမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ မီးခိုးတွေအူနေတဲ့ အခန်းထဲမှာ မလှုပ်ရှားနိုင်တော့ဘဲ အိပ်ယာပေါ်မှာ ရှိနေခဲ့တာပါ။ မီးခိုးငွေ့တွေရှူရှိုက်မိပြီး ကလေးငယ်ဟာ မွန်းကြပ်ကာ အသက်မရှူနိုင်တော့ဘဲ ဖြစ်နေခဲ့တာလို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးသမားတွေဟာ အဆိုပါကလေးငယ်ကို အခန်းထဲမှ အချိန် ၁၀ မိနစ်အတွင်း ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ပြီး အရေးပေါ် ရှေးဦးသူနာပြုနည်းနဲ့ ပြုစုခဲ့ချိန်မှာတော့ ကလေးငယ်ဟာ အသက်ပုံမှန်ပြန်ရှူလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up