ရိုဘော့စက်ရုပ်ထောင်ချီ ပါဝင်သည့် စွမ်းရည်ပြကပွဲ ကမ္ဘာ့စံချိန်သစ်တင် (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းခြေမြို့တမြို့ဖြစ်တဲ့ ကျင်ဒါအိုမြို့မှာ ကျင်းပခဲ့တဲ့ ရိုဘော့စက်ရုပ်ထောင်ချီ ပါဝင်ခဲ့တဲ့ စွမ်းရည်ပြကပွဲဟာ ဂင်းနက်စ်  ကမ္ဘာ့မှတ်တမ်းစံချိန်သစ် တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီပွဲတော်မှာ အမြင့် ၄၃ ဒသမ ၈ စင်တီမီတာရှိတဲ့ ရိုဘော့စက်ရုပ် ၁၀၄၀ ပါဝင်ပြီး အချိန် ၁ မိနစ်ကျော်ကြာသည်အထိအောင် အောင်အောင်မြင်မြင် ကပြနိုင်တဲ့ ရိုဘော့စက်ရုပ် ၁၀၀၇ ရုပ်ရှိခဲ့လို့ စံချိန်ချိုးနိုင်ခဲ့တာပါ။ အရင်စံချိန်တင်ထားခဲ့တာကတော့ ရိုဘော့စက်ရုပ်ပေါင်း ၅၄၀ ပါဝင်တဲ့ အဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန့်ဇန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စွမ်းရည်ပြနိုင်ခဲ့တာပါ။ ဒါဟာ ရိုဘော့စက်ရုပ်တွေကို စက်ရုံအလုပ်ရုံတွေအတွက်သာမက တခြားနေရာတွေမှာပါ အသုံးပြုလို့ရတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up