ဌာနေတိုင်းရင်းသားများအပေါ် ဖိနှိပ်ခွဲခြားခဲ့မှုအတွက် ထိုင်ဝမ်သမ္မတ တောင်းပန်

ဓာတ်ပုံ - ရိုက်တာ
933
ထိုင်ဝမ်သမ္မတက ရာစုနှစ်တွေနဲ့ချီပြီး ထိုင်ဝမ်ဌာနေတိုင်းရင်းသားတွေအပေါ် ဖိနှိပ်ခွဲခြားခဲ့မှုတွေအတွက် ထိုင်ဝမ်အစိုးရကိုယ်စား ပထမဆုံး တောင်းပန်ခဲ့ပါတယ်။
သြဂုတ် ၁ ရက်နေ့က ထိုင်ဝမ်ဌာနေတိုင်းရင်းသားလူမျိုးစု ၁၆ စုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတောင်းပန်ခဲ့ပြီး ထိုင်ဝမ်အနေနဲ့ အမှန်တရားကို ရင်ဆိုင်ပြီး ရှေ့ဆက် လျှောက်လှမ်းရမှာ ဖြစ်တယ်လို့ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောဆိုပါတယ်။
ထိုင်ဝမ်ဌာနေတိုင်းရင်းသားတွေဟာ လွန်ခဲ့တဲ့ အနှစ် ၄၀၀ လောက်ကတည်းက တရုတ်ပြည်မကြီးကနေ ရောက်ရှိ အခြေချနေထိုင်လာကြတာဖြစ်ပြီး သူတို့ရဲ့ အခြေခံအခွင့်အရေးတွေ၊ ဓလေ့ထုံးထမ်း၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ ခေတ်အဆက်ဆက် ကန့်သတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ပြည်သူ ၂၃ သန်းမှာ ဌာနေတိုင်းရင်းသားဦးရေ ၂ ရာခိုင်နှုန်းလောက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းနဲ့ လုပ်ခလစာတွေဟာ ထိုင်ဝမ်အများစုထက်စာရင် နိမ့်ကျနေတာပါ။
နှစ်ပေါင်း ၄၀၀ ကျော် ဖိနှိပ်ချုပ်ချယ်မှုတွေကို တောင်းပန်တယ်ဆိုတဲ့ စကားတလုံးနဲ့တော့ မလုံလောက်ဘူးလို့ သမ္မတက ပြောဆိုပါတယ်။
အသက် ၈၀ အရွယ် လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တဦးကလည်း အစိုးရအနေနဲ့ ပေးတဲ့ကတိအတိုင်း ဖြည့်ဆည်းမယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။
လူမျိုးစုမှာ သမိုင်းဆိုင်ရာ တရားရေးကော်မတီကို ဖွဲ့စည်းပေးမယ်လို့လည်း သမ္မတက ပြောဆိုပါတယ်။
သမ္မတ စိုင်ဟာ အခုနှစ်ဆန်းပိုင်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ထိုင်ဝမ်တိုင်းရင်းသားလူမျိုးစု သွေးစပ်တဲ့ ပထမဆုံး ထိုင်ဝမ်ခေါင်းဆောင် ဖြစ်လာတာပါ။