A d v e r t i s e m e n t With Us

ရုရှားစစ်ဘက်ရဟတ်ယာဉ်တစီး ပစ်ချခံရ၊ ၅ ဦး သေဆုံး

ဓာတ်ပုံ - အေအက်ဖ်ပီ
ရုရှားစစ်ဘက်ရဟတ်ယာဉ်တစီး သြဂုတ် ၁ ရက်နေ့က ဆီးရီးယားနိုင်ငံမှာ ပစ်ချခံရပြီး ရဟတ်ယာဉ်ပေါ်လိုက်ပါသူ ၅ ဦးလုံး သေဆုံးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အစ်ဒလစ်ပြည်နယ် မြောက်ပိုင်းမှာ ပစ်ချခံရတာလို့ ရုရှားစစ်တပ်က ပြောပါတယ်။ ဆီးရီးယားအစိုးရတပ်တွေရဲ့ ပိတ်ဆို့ခံနေရတဲ့ အလက်ပိုမြို့မှာ ရိက္ခာထောက်ပံ့ရေး သွားပို့ပြီးအပြန် ပစ်ချခံရတာလို့ ရုရှားစစ်တပ်က ပြောဆိုပြီး ဘယ်အဖွဲ့ ပစ်ခတ်တယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ စစ်ရေးကျွမ်းကျင်သူတွေကတော့ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ ရိက္ခာထောက်ပံ့ရေး ရဟတ်ယာဉ် မဖြစ်နိုင်ဘဲ တိုက်ခိုက်ရေးရဟတ်ယာဉ်ပဲ ဖြစ်မယ်လို့ ပြောပါတယ်။ အစ်ဒလစ်မြို့မှာ အစွန်းရောက် သူပုန်တပ်ဖွဲ့တွေ အပါအ၀င် ဆီးရီးယား ညွန့်ပေါင်းသူပုန်တပ်ဖွဲ့တွေ တက်ကြွလှုပ်ရှားကြတာပါ။ အဲ့ဒီဒေသမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့တွေကလည်း ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းမယ်လို့ ကြိမ်းဝါးထားကြတာပါ။ လေယာဉ်မှူး ၂ ဦးနဲ့ အရာရှိ ၃ ဦးတို့ သေဆုံးသွားပြီး ဆီးရီးယားစစ်မှာ ရုရှား ပါဝင်လာပြီးနောက်ပိုင်း တကြိမ်တည်းနဲ့ ရုရှားတပ်ဖွဲ့ဝင် အများဆုံး သေဆုံးရတဲ့ တိုက်ခိုက်ခံရမှုလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up