A d v e r t i s e m e n t With Us

ကလေးမွေးဖွားကာနီး တိုင်ပတ်အက ကပြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး (ရုပ်သံ)

ဗြိတိန်နိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးဟာ ကလေးမီးဖွားကာနီးမှာ တိုင်ပတ်အက ကပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ရေပန်းစားနေပါတယ်။ ခက်တ်ဘိုင်လေအမည်ရ အဆိုပါအမျိုးသမီးဟာ နော့တင်ဟမ်မြို့မှ ကိုယ်ကာယ ကြံ့ခိုင်ရေးစင်တာတခုရဲ့ ပိုင်ရှင်ဖြစ်ပြီး ကလေးမီးဖွားဖို့ နာရီပိုင်းလောက်သာ လိုတော့တဲ့အချိန်မှာ ခုလို ကပြခဲ့တာလို့ ယူပီအိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဇူလိုင် ၃၁ ရက်နေ့က ကပြခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/kat.bailey.127/videos/1604243216544592/ ပေါ်မှ တဆင့် မျှဝေခဲ့တာပါ။ “ကဲ… ကျမက ခု ကလေးမွေးရတော့မယ်။ ကျမတို့ ဆေးရုံမသွားခင် နာရီအနည်းငယ်လောက်လိုသေးတော့ ကျမရဲ့ နောက်ဆုံး တိုင်ပတ်အကကို ကပြချင်ပါတယ်” လို့ ရုပ်သံဖိုင်အညွှန်းမှာ ရေးခဲ့ပါတယ်။ သူဟာ တိုင်ကို ဆုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို ပျော့ပျော့ပြောင်းပြောင်း ကွေးညွတ်ပြခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up