ဘန်ကောက်တွင် လေယာဉ်ငယ်တစီး ပျက်ကျ၊ ၁ ဦးသေဆုံး ၅ ဦးဒဏ်ရာရ
ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် နောင်ကျောက်မြို့နယ်မှာ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ကိုယ်ပိုင်လေယာဉ်ငယ်တစီး ပျက်ကျပြီး တဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရသွားတယ်လို့ ခုမ်း ချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Rabbit wink airway ကုမ္ပဏီပိုင် အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်မောင်း ၂ ဦး နဲ့ ကုမ္ပဏီ ၀န်ထမ်းအမျိုးသား ၂ ဦးတို့လိုက်ပါလာပြီး သုဝဏ္ဏဘုမိလေဆိပ်ကနေ နခွန်းရာ့ခ်ျဆီမားကို ဦးတည်ထွက်ခွာလာစဉ် နောက်ကျောက်မြို့နယ် ၀ပ်လမ်းဖရအုန်း ဘုန်းကြီးကျောင်းအနီး စက်ချို့ ယွင်းကာ ရေချောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မောင်းသူ သေဆုံးပြီး ကျန်သူတွေ ဒဏ်ရာရခဲ့တာပါ။
ဒါ့အပြင် အဲဒီလေယာဉ်ဟာ ချောင်းထဲမကျခင် ချောင်းကူးတံတားကိုလည်း ၀င်တိုက်ခဲ့တဲ့အတွက် အဲဒီနားက အသက် ၇၀ ကျေ် အဖိုးကြီးတဦးနဲ့ အသက် ၄၅ နှစ်ရွယ် အမျိုးသမီးတဦးတို့ လေ ယာဉ်အပိုင်းအစ ထိမှန်ပြီး ဒဏ်ရာရခဲ့ပါတယ်။
ရေထဲကျသွားတဲ့လေယာဉ်ကို ဗေဒါပင်တွေအရင်ရှင်းထုတ်ပြီး ဒီကနေ့မနက်မှာ ပြန်လည်ဆ ည်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။