Home
မြန်မာသတင်း
တယ်လီဖုန်းဆင်းကတ်ကို မှတ်ပုံတင်ကြရန် အသိပေးကြေညာ
DVB
·
August 2, 2016
တယ်လီဖုန်း ဆင်းကတ် (Sim Card) တွေကို သက်ဆိုင်ရာအော်ပရေတာတွေနဲ့ဆက်သွယ်ပြီး မှတ်ပုံတင်သုံးစွဲကြဖို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနက သတင်းစာကနေ ထပ်မံသတိပေးနှိုးဆော်ပါတယ်။ ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် လိုအပ်မယ့်အချက်အလက်တွေကတော့ အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့်ကတ်ပြားအမှတ်၊ ကျောင်းသား ကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်။ ပတ်စပို့ (နိုင်ငံခြားသားများအတွက်သာ)၊ အဆိုပါကတ်ပြားများ မိတ္တု၊ အဘအမည်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်)၊ လူမျိုး-နိုင်ငံသား၊ ကျား-မ၊ နေရပ်လိပ်စာတို့ဖြစ်ပါတယ်။ ယခင်မှတ်ပုံတင်ထားတဲ့ ဆင်းကတ်တွေအနေနဲ့ လက်ရှိသုံးစွဲသူအမည် မမှန်ရင်၊ မိမိ အမည်နဲ့မှတ်ပုံတင်ထားပေမယ့် ကိုယ်တိုင်သုံးစွဲခြင်းမရှိရင် သက်ဆိုင်ရာ အော်ပရေတာတွေနဲ့ ဆက်သွယ်ပြီး သုံးသူအမည်နဲ့အချက်အလက်တွေ မှန်မှန်ကန်ကန် မှတ်ပုံတင် အသုံးပြုနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဆင်းကတ်တွေကို မှတ်ပုံတင်ခြင်းဟာ အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ဖို့အပြင် mobile banking၊ mobile money၊ online shopping စတဲ့ ကိစ္စတွေလုပ်တဲ့အခါ Identification Device တစ်ခုအနေနဲ့ ဆက်စပ်အသုံးပြုနိုင်ရန်နဲ့ ဆင်းကတ်ပျက်စီး၊ ပျောက်ဆုံးတဲ့အခါ အလွယ်တကူပြန်လည်ရရှိသုံးစွဲနိုင်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆင်းကတ်တွေကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစပြီး ၀န်ဆောင်မှုပေးခြင်းယာယီရပ်စဲမှာဖြစ်ကြောင်းနဲ့ မှတ်ပုံတင်မှသာ ပြန်လည်သုံးစွဲခွင့် ပေးမှာ ဖြစ်ကြောင်း  အသိပေးကြေညာပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024