ဓာတ်ဆီဆိုင်တွင်း ဓားကိုင်ရမ်းကားသူကို ဖမ်းဆီး (ရုပ်သံ)

သေခြင်းတရားနဲ့ ကြုံရတော့မယ့်အချိန်မှာ တစုံတယောက်ရဲ့ ကယ်တင်မှုဟာ ဘယ်လောက် လျှင်မြန်လိုက်ပါသလဲ။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ လီအန်းမြို့ရဲ့ ဓာတ်ဆီဆိုင် တဆိုင်ထဲမှာ သြဂုတ် ၁ ရက်နေ့က ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ နေ့ခင်းကြောင်တောင်အချိန် အရက်သောက်ထားခဲ့တဲ့ မော်တော်ဆိုင်ကယ် မောင်းသူတဦးဟာ ဓာတ်ဆီဆိုင်ထဲမှာ တာဝန်ကျဝန်ထမ်းတဦးနဲ့ စကားများခဲ့တာပါ။ အဲဒီနောက် သူဟာ ၀န်ထမ်းကို တုံ့ပြန်တိုက်ခိုက်ဖို့ ဓားကိုင်ပြီး ပြေးထွက်လာခဲ့ချိန်မှာ အနီးနား တခြားဝန်ထမ်းတဦးက အလျှင်အမြန်ပဲ ၀င်ရောက်ကူညီ ဖမ်းဆီးခဲ့တာပါ။ အဲဒီဝန်ထမ်းဟာ ပြေးထွက်လာတဲ့ ဓားကိုင်အမျိုးသားကို ဖမ်းဆွဲချုပ်ကာ မြေပြင်ပေါ် တွန်းလှဲချပြီး ဖမ်းဆီးခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဆိုပါ ဓားကိုင်ရမ်းကားတဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ်ဟာ လိုင်စင်နံပါတ်ပြားလည်း မပါဝင်သလို သူဟာ အရက်အလွန်အကျွံ သောက်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up