A d v e r t i s e m e n t With Us

ဧရာဝတီမြစ်ရေတက်၍ ပန်းတောင်းမြို့နယ်ထဲရှိ ကျောင်း ၁၄ ကျောင်း ပိတ် (သတင်းဓာတ်ပုံ)

ဧရာဝတီမြစ်ရေ တက်လာတာကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ထဲက ကျောင်း ၁၄ ကျောင်း ပိတ်လိုက်ရပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ရေနစ်မြုပ်တဲ့ ကျောင်းတချို့ ပိတ်လိုက်ရတာပါ။ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးစာရင်းအရ ရွှေဘုံသာ၊ သရက်လိမ်၊ ရွာသာယာ၊ ဆင်ထဲ အုပ်စုတွေမှာ ရေနစ်မြုပ်နေခဲ့ပြီး စုစုပေါင်း အိမ် ၁၈၆ လုံးကို အရပ်ဘက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေက ရေလွတ်ရာ မြသိန်းတန်ကျောင်း၊ အတုလအန္တမုနိဘုရား၊ မဟာဘုရားကြီးဝန်းတွေထဲကို ရွှေ့ပြောင်းပေးထားပါတယ်။ အများစုကတော့ အိမ်မွေးတိရစ္ဆာန်တွေ ရှိနေတာကြောင့် ပန်းတောင်း-တောင်ကုတ် လမ်းမဘေးတွေမှာပဲ ယာယီတဲထိုးပြီး တိရစ္ဆာန်တွေနဲ့အတူ နေထိုင်ပါတယ်။ ပြောင်းရွှေ့နေထိုင်သူတွေကတော့ ယာယီတဲထိုးဖို့ သစ်ဝါး၊ ထရံတွေနဲ့ လတ်တလောစားဖို့ သောက်ဖို့တွေ၊ ကျမ်းမာရေးအတွက် ရေသန့်တွေလည်း လိုအပ်တယ်လို့ ဖောင်းကံရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။ သတင်းဓာတ်ပုံ - မင်းညို  

A d v e r t i s e m e n t With Us

More News
Up